ဒီဂျစ်တယ်ငွေပေးချေမှုတွေ ပိုမိုများပြားလာတာနဲ့အမျှ ငွေလွှဲ Screenshot များကို အလွဲသုံးစားပြီး လိမ်လည်မှုများ ရှိနေပါတယ်။
ဒါကြောင့် ငွေပေးချေမှုလက်ခံရာမှာ ငွေလွှဲ Screenshot တစ်ခုထဲကိုသာ မယုံကြည်ဘဲ အောက်ပါအချက်များကို သေချာစစ်ဆေးဖို့ အရေးကြီးပါတယ်။
✅ ငွေပမာဏ မှန်/မမှန်
✅ ရက်စွဲနှင့် အချိန် မှန်/မမှန်
✅ ငွေလက်ခံသူအမည် မှန်/မမှန်
✅ မိမိအကောင့်ထဲ ငွေဝင်/မဝင်ကို Transactions History မှ ပြန်လည်စစ်ဆေးခြင်း
𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 အသုံးပြုသူများအနေနဲ့လဲ ငွေလွှဲ၊ ငွေပေးချေမှုများ ပြုလုပ်ပြီးတိုင်း Transactions History ကို ပြန်လည်စစ်ဆေးနိုင်ပါတယ်။
ငွေလွှဲ Screenshot ရရှိတဲ့အခါ သင်အရင်ဆုံး စစ်ဆေးဖြစ်တဲ့အချက်လေးကို ကောမန့်မှာ မျှဝေပေးခဲ့ပါဦးနော်။
#YomaBank #Receipt #TransactionChecklist #YomaBankNextMobileApplication #DigitalPayment #OnlineShoppingSafety



BizSpace Portal
Payroll Portal
Supply Chain Financing





