အကောက်ခွန်ဘေလ်ပေးဖို့ အကောက်ခွန်ရုံးကို သွားစရာမလိုတော့ပါဘူး။

3 September 2026

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 နဲ့ဆိုရင် အချိန်ကုန်၊ တန်းစီစောင့်ဆိုင်းစရာမလိုဘဲ အွန်လိုင်းကနေတစ်ဆင့် မိမိအဆင်ပြေတဲ့အချိန်မှာ Customs Bill (အကောက်ခွန်ဘေလ်) ပေးချေမှုများကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ပါပြီ။

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 မှ Customs Bill ပေးဆောင်ရန် –

၁။ Homepage ရှိ “Bill Payments” ကို နှိပ်ပါ။

၂။ “Government & Electricity Meter Bills” ကို ရွေးချယ်ပါ။

၃။ ပေးဆောင်လိုသည့် အကောက်ခွန်အမျိုးအစားကို ရွေးချယ်ပါ။

၄။ ဘေလ်အချက်အလက်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

၅။ အချက်အလက်များ မှန်/မမှန် ပြန်လည်စစ်ဆေးပြီး မှန်ကန်ပါက CONFIRM ကို နှိပ်ပါ။

၆။ အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာပါက ဘေလ်ပေးဆောင်ခြင်း လုပ်ငန်းစဉ် အောင်မြင်သွားပြီ ဖြစ်ပါတယ်။

လုပ်ငန်းဆောင်တာများကို ပိုမိုမြန်ဆန်စေဖို့ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို အခုပဲ အသုံးပြုလိုက်ပါ။

Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662

#YomaBank #YomaBankNextMobileApplication #CustomsBill #BillPayment #TogetherWithYomaBank