နေ့စဉ်ငွေကြေးစီမံမှုများကို လုံခြုံစိတ်ချရမှုအပြည့်နဲ့ ကိုယ်တိုင်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ဖို့ ရိုးမဘဏ်ရဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ
နေ့ရက်တိုင်းရဲ့ ငွေပေးချေမှုတွေကို လွယ်ကူစေဖို့ Flexi Everyday ကတ်လေးကို ဖုန်းထဲကနေပဲ စမတ်ကျကျ အချိန်မရွေး စီမံခန့်ခွဲနိုင်ပါတယ်။ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ထဲမှာ ဘဏ်ကတ်ကို စိတ်ကြိုက် စီမံခန့်ခွဲနိုင်တဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကတော့ –
✅ ဘဏ်ကတ်အချက်အလက်များကို ဖျောက်ထားနိုင်ခြင်း (Hide Card Info)
လူကြားထဲမှာဖြစ်စေ၊ အပြင်သွားရင်းဖြစ်စေ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို ဖွင့်လိုက်တဲ့အခါ မိမိရဲ့ ကတ်နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားသူတွေ မမြင်ရအောင် စိတ်ချလက်ချ ဖျောက်ထား (Hide) နိုင်လို့ ကတ်အချက်အလက် လုံခြုံဘေးကင်းဖို့ စိတ်အေးရုံပါပဲ။
✅ ကတ်ကို ပိတ်နိုင်ခြင်း (Block Card)
မတော်တဆ ကတ်ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ကျန်ခဲ့လို့ ကတ်ကို ယာယီဖြစ်စေ၊ အပြီးအပိုင်ဖြစ်စေ ရပ်ဆိုင်း (Deactivate) ချင်တယ်ဆိုရင် ဘဏ်ခွဲထိသွားနေစရာမလိုဘဲ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ထဲကနေ ချက်ချင်း ကတ်ကို ပိတ်နိုင်ပါတယ်။
✅ ဘဏ်ကတ်အချက်အလက်များကို သိရှိနိုင်ခြင်း (Flip Card)
ကတ်ကိုင်ဆောင်စရာမလိုဘဲ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ထဲကနေ ကတ်ရှေ့ဆုံးနဲ့နောက်ဆုံးကို လှည့်ကြည့်နိုင်တဲ့အတွက် CVV ၊ သက်တမ်းကုန်ဆုံးရက် (Expiry Date) စတဲ့ အချက်အလက်တွေကို E-commerce Platform (သို့) App တစ်ခုခုတွင် ပြန်ထည့်ရန် လိုအပ်ပါက အလွယ်တကူ ကြည့်ရှုနိုင်ပြီး ကတ်ကိုင်ရန် မလိုအပ်သဖြင့် ကတ်ပျောက်ဆုံးနိုင်ခြေ လျော့နည်းစေပါတယ်။
✅ Bank Statement ရယူနိုင်ခြင်း (Download Statement)
လစဉ် လုပ်ငန်းခွင်မှာဖြစ်စေ၊ ဗီဇာလျှောက်ထားဖို့ပဲဖြစ်ဖြစ် ဘဏ်စာရင်းရှင်းတမ်း (Bank Statement) လိုအပ်လာပါက ဘဏ်ခွဲတွေဆီ လူကိုယ်တိုင် သွားရောက်ပြီး စောင့်ဆိုင်းနေစရာမလိုဘဲ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ထဲကနေပဲ အလွယ်တကူ Download ရယူနိုင်ပါတယ်။
✅ ငွေသွင်း၊ ငွေထုတ် မှတ်တမ်းများ စစ်ဆေးနိုင်ခြင်း (Transactions History)
မိမိရဲ့ အကောင့်ထဲကနေ ဘယ်နေ့၊ ဘယ်အချိန်မှာ ငွေဘယ်လောက် သုံးစွဲခဲ့လဲဆိုတဲ့ ငွေလွှဲပြောင်းမှုမှတ်တမ်းအသေးစိတ် (Transaction History) ကို အချိန်မရွေး ပြန်လည်စစ်ဆေးနိုင်လို့ လစဉ်အသုံးစရိတ်တွေကို စနစ်တကျ တွက်ချက်နိုင်ပါတယ်။
ဒီလိုအဆင်ပြေချောမွေ့တဲ့ ရိုးမဘဏ်ရဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူဖို့ အခုပဲ နီးစပ်ရာရိုးမဘဏ် ဘဏ်ခွဲမှာ မှတ်ပုံတင်မူရင်းနဲ့တကွ 𝗙𝗹𝗲𝘅𝗶 𝗘𝘃𝗲𝗿𝘆𝗱𝗮𝘆 𝗔𝗰𝗰𝗼𝘂𝗻𝘁 ဖွင့်ပြီး 𝗙𝗹𝗲𝘅𝗶 𝗘𝘃𝗲𝗿𝘆𝗱𝗮𝘆 ကတ်ကို အခမဲ့ရယူလိုက်ပါ။
Flexi Everyday Details – https://ymbank.co/flexi-everyday
Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662
#YomaBank #YomaBankNextMobileApplication #FlexiEverydayCard #FlexiEverydayAccount #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





