ရိုးမဘဏ်သည် စိမ်းလန်းပြီး ကျန်းမာတဲ့ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုဖော်ဆောင်ဖို့ ငွေသားမလိုအပ်သော ဒီဂျစ်တယ်ငွေကြေးဂေဟစနစ်ကို တည်ဆောက်ရာမှာ အထူးပါဝင်လှုပ်ရှားလျက်ရှိပါတယ်။ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻၊ MMQR Payment၊ Online Banking နဲ့ Card Services တို့အပါအဝင် ဒီဂျစ်တယ်ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကနေတစ်ဆင့် ငွေသားကိုင်တွယ်အသုံးပြုခြင်းကို လျှော့ချနိုင်ခြင်းဖြင့် စက္ကူအသုံးပြုမှုကို လျှော့ချနိုင်သလို ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်းနဲ့ သစ်တောထိန်းသိမ်းခြင်းတွေအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။
နေ့စဉ်ဘဏ်လုပ်ငန်းတွေမှာ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို အသုံးပြုခြင်းက သင့်ရဲ့ ဘဏ်လုပ်ငန်းအတွေ့အကြုံကို ပိုမိုလွယ်ကူမြန်ဆန်လာစေနိုင်တဲ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွင်ပါ ပါဝင်ပြီးသားဖြစ်စေနိုင်ပါတယ်။ ဒီလိုရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်တွေနဲ့ ဒီဂျစ်တယ်ငွေကြေးဂေဟစနစ်ဖြစ်အောင်ပြောင်းလဲရင်း ကမ္ဘာကြီးအတွက် နေ့စဉ်ကောင်းမွန်သောခြေလှမ်းများကို တိုးချဲ့လိုက်ပါ။
Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂
Yoma Bank ATMs & Branches – https://ymbank.co/locations



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





