သင်၏ OTP သည် သင့်အတွက်သာ ဖြစ်ပါသည်၊ ဘယ်သူနဲ့မှ မမျှဝေပါနှင့်!

19 November 2025

OTP သည် သင့်အကောင့်လုံခြုံရေးအတွက် အရေးကြီးသောကုဒ်ဖြစ်ပြီး သင့်ကိုယ်ပိုင်အသုံးပြုရန်သာ ရည်ရွယ်ထားပါသည်။ မသမာသူများထံ မျှဝေမိပါက မသမာသူများမှ မိမိ၏ အကောင့်ထဲ ဝင်ရောက်ခြင်း၊ ငွေများကို ပြန်လွှဲခြင်း၊ သင့်အမည်ဖြင့် လိမ်လည်မှုများ ပြုလုပ်ခြင်းတို့ကို စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်ပါသည်။

မသမာသူများသည် ဘဏ်ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် ဟန်ဆောင်ကာ အထင်မှားစေမည့်အခြေအနေများ ဖန်တီးပြီး သင့် OTP ကို ရယူရန် ကြိုးပမ်းလေ့ရှိကြပါတယ်။

သင့်ကိုယ်ပိုင်လုံခြုံမှုအတွက် အောက်ပါအချက်များကို လိုက်နာပါ။

✅ OTP ကို လျှို့ဝှက်ထားပါ။
✅ သံသယဖြစ်ဖွယ် ဖုန်းခေါ်ဆိုမှုများကို စစ်ဆေးပါ။
✅ မသေချာလျှင် Yoma Bank ကို တိုက်ရိုက်ဆက်သွယ်ပါ။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။

👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness