အခုနောက်ပိုင်းမှာ Online Shopping Group တွေ၊ နိုင်ငံခြားငွေလဲလှယ်မှု Group တွေ၊ Dating Group တွေထဲမှာ မသမာသူတွေက နည်းလမ်းမျိုးနဲ့ ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေကို လိမ်လည်ရယူဖို့ ကြိုးစားနေကြတာတွေ့ရပါတယ်။ ဒါကြောင့် Facebook Group အသုံးပြုတဲ့အခါအောက်ပါအချက်တွေကို သတိထားကြည့်ရှုဖို့ အရေးကြီးပါတယ်။
✅ အာမခံချက်မရှိတဲ့ ငွေလွှဲဝန်ဆောင်မှုများ
Facebook Group တွေထဲက ငွေလွှဲဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းအများစုဟာ တရားဝင်လိုင်စင်မရှိသလို၊ ငွေလွှဲပြီးမှ တစ်ဖက်က အကောင့်ပိတ်ပြေးသွားခဲ့ရင်လဲ တိုင်ကြားဖို့ နေရာမရှိတာကြောင့် အလွန်အန္တရာယ်များပါတယ်။
✅ ကိုယ်ရေးအချက်အလက် လုံခြုံရေး
စျေးဝယ်ခြင်း သို့မဟုတ် ဝန်ဆောင်မှုရယူစဉ် မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်စတဲ့ ကိုယ်ရေးအချက်အလက်များ တောင်းခံလာပါက သေချာစဉ်းစားပြီးသာ မျှဝေပါ။
✅ အလွန်အကျွံ ဆွဲဆောင်မှုများ
ဈေးကွက်ပေါက်ဈေးထက် အများကြီးပိုပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေ၊ အများကြီး သက်သာတဲ့စျေးနဲ့ ရနိုင်တယ်ဆိုတာတွေဟာ အလွန်ဆွဲဆောင်မှုတွေဟာ မသမာသူတွေရဲ့ အသုံးများဆုံး ထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်။
✅ မသိကျွမ်းသူများနဲ့ ငွေကြေးပတ်သက်မှု
Online မှတစ်ဆင့် ခင်မင်လာသူများက အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေလွှဲရန် သို့မဟုတ် အချက်အလက်များ မျှဝေရန် တောင်းဆိုလာပါက သတိရှိရှိ ဆုံးဖြတ်လုပ်ဆောင်ပါ။
ရိုးမဘဏ်ရဲ့ Customer များအနေနဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တိုင်းအတွက် တရားဝင်အသိအမှတ်ပြုထားတဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုသာ အသုံးပြုဖို့ အကြံပြုလိုပါတယ်။
Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ အချိန်မရွေး ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။
👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness
#YomaBank #ScamAwareness #StopScam #CyberSecurity #MobileSafety #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





