လုပ်ငန်းတိုးတက်လာတာနဲ့အမျှ လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ ယာဉ်တွေကို အချိန်မီ ရင်းနှီးမြှုပ်နှံနိုင်ဖို့ကလဲ အရေးကြီးပါတယ်။

5 June 2026

လုပ်ငန်းရဲ့ လက်ရှိငွေကြေးစီးဆင်းမှုကို မထိခိုက်စေဘဲ စက်ပစ္စည်းအသစ်တွေ ဝယ်ယူဖို့၊ ယာဉ်အသစ်တွေ ထပ်မံတိုးချဲ့ဖို့ဆိုတာ လုပ်ငန်းရှင်များအတွက် အမြဲတမ်း စဉ်းစားရတဲ့ အချက်တစ်ခုပါ။

ရိုးမဘဏ် Hire Purchase နဲ့ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကို အခုပဲ အသုံးပြုနိုင်ပြီး၊ ငွေပမာဏအပြည့် တစ်ကြိမ်ထဲ ပေးချေစရာမလိုဘဲ အရစ်ကျစနစ်နဲ့ အဆင်ပြေစွာ ပိုင်ဆိုင်နိုင်ပါတယ်။

Hire Purchase စနစ်ဖြင့် ရရှိနိုင်တဲ့ အမျိုးအစားများမှာ –
✅ စိုက်ပျိုးရေးသုံး စက်ယန္တရားများ
✅ လုပ်ငန်းသုံးယာဉ်များ
✅ EV နှင့် ကိုယ်ပိုင်ယာဉ်များ
✅ မီးစက်နှင့် စက်ယန္တရားများ
✅ လုပ်ငန်းသုံး စက်ပစ္စည်းများ
✅ ဆေးရုံသုံး စက်ပစ္စည်းများ
✅ ပုံနှိပ်လုပ်ငန်းသုံး စက်ပစ္စည်းများ
✅ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ စတဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းအမျိုးမျိုးကို Hire Purchase စနစ်ဖြင့် ရယူနိုင်ပါတယ်။

လုပ်ငန်းရဲ့ နောက်တစ်ဆင့်တိုးတက်မှုကို အချိန်မီ အကောင်အထည်ဖော်နိုင်ဖို့ ရိုးမဘဏ်က အတူရှိနေပါတယ်။

Hire Purchase အတွက် တရားဝင်ချိတ်ဆက်ထားတဲ့ Authorized Dealer Showroom များကို လေ့လာရန် 👉 https://ymbank.co/hire-purchase

Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662

#YomaBank #HirePurchase #BusinessGrowth #SME #TogetherWithYomaBank