အချစ်ကို အသုံးချတဲ့ ငွေကြေးလိမ်လည်မှုတွေကို သတိထားပါ။

8 February 2026

ချစ်ခြင်းမေတ္တာက အားအင်တစ်ခုပါ။ ဒါကို မသမာသူများ အခွင့်အရေးမယူနိုင်စေရန် ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များကို သတိထားလုပ်ဆောင်ပါ။

အချစ်မှာ မျက်စိမရှိဘူးဆိုပေမဲ့ အွန်လိုင်းပေါ်က ခင်မင်မှုတွေကိုတော့ မျက်စိဖွင့်၊ နားဖွင့်ထားဖို့ လိုပါတယ်။

အွန်လိုင်းပေါ်ကနေ လိမ်လည်ခံရတာတွေထဲကမှ ဆန့်ကျင်ဘက်လိင်ကို အသုံးချခံအဖြစ်ထားတဲ့ သွေးဆောင်ဖြားယောင်းမှုတွေ အများဆုံးဖြစ်ပါတယ်။ ဒီလိုဖြားယောင်းမှုတွေထဲမှာ သာဓကအနေနဲ့
✅ မိမိနဲ့ အပြင်မှာလည်း မဆုံတွေ့ဖူးသေးတဲ့ မသိကျွမ်းသူတစ်ယောက်က အချစ်ဇာတ်လမ်းဆင်ပြီး အခက်အခဲဖြစ်နေလို့ ငွေလွှဲပေးဖို့ တောင်းဆိုခြင်း၊
✅ အဖိုးတန်လက်ဆောင်များ ပို့ပေးမယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် အခွန်ဆောင်ဖို့ ငွေကြေးတောင်းခံခြင်းများဟာ အချစ်ကို အသုံးချပြီး လိမ်လည်နေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာကို ဖော်ပြရာမှာ ငွေကြေးဆုံးဖြတ်ချက်တွေကို အလျင်စလို မလုပ်ဘဲ၊ သေချာစဉ်းစားပြီး ဆောင်ရွက်ခြင်းက မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ပါတယ်။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။

Scam Awareness နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဒီလင့်ခ် https://ymbank.co/scam-awareness မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။