ပိုမိုကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်ကို ရိုးမဘဏ်နဲ့အတူတူ လျှောက်လှမ်းကြမယ်။

15 January 2026

ရိုးမဘဏ်အနေနဲ့ မြန်မာပြည်သူပြည်သားတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာသောလူနေမှုဘဝပုံစံတွေ ရရှိပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပြီး ပရူဒန်ရှယ်အာမခံနဲ့ ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ရိုးမ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်ကို Gold စပွန်ဆာအနေဖြင့် အားဖြည့်ကူညီပေးထားပါတယ်။

မာရသွန်ပွဲစဉ်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ မန္တလေးမြို့၊ ဗထူးကွင်းတွင် ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသွားမှာဖြစ်ပါတယ်။ အပြေးအားကစားကို ချစ်မြတ်နိုးတဲ့ အားကစားသမားတွေကို စိတ်ခွန်အားလှုံ့ဆော်အားပေးဖို့နဲ့ လူအဖွဲ့အစည်းတွေကို အကျိုးရှိစွာ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတဲ့ ဒီရိုးမအပြည်ပြည်ဆိုင်ရာမာရသွန်ပွဲစဉ်တွေကို ပါဝင်အားဖြည့်ပေးရတဲ့အတွက်လည်း ရိုးမဘဏ်က ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ရိုးမဘဏ်အနေနဲ့ မြန်မာပြည်သူပြည်သားတိုင်းအတွက် ငွေကြေးဝန်ဆောင်မှုတွေသာမက စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်ပြီး လုံခြုံစိတ်ချရမှုတွေ ရရှိနိုင်စေဖို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။