လာမဲ့ မေလ (၁၀) ရက်နေ့ဟာ အမေများနေ့ ဖြစ်တာကြောင့် မေမေနဲ့အတူတူ အချိန်ပေးပြီး အမှတ်တရကောင်းတွေ ဖန်တီးကာ ချစ်ခြင်းမေတ္တာတွေ ဖော်ကျူးနိုင်မဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁) အမှတ်တရတွေ ပြန်ပြောပါ။
မေမေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေကို အတူတူ ပြန်လည်ပြောဆိုကြည့်ပါ။ အမှတ်တရဓာတ်ပုံလေးတွေ ရှိရင်လည်း ပြန်ထုတ်ကြည့်ကာ အရင်က ပျော်ရွှင်ကြည်နူးစရာ အခိုက်အတန့်လေးတွေကို ပြန်လည်ခံစားတာမျိုးက စိတ်နှလုံးကို နွေးထွေးစေပါတယ်။
၂) ချစ်ခြင်းမေတ္တာကို ဖော်ကျူးပါ။
တန်ဖိုးကြီးတဲ့ လက်ဆောင်တွေထက် မေမေ့အပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကျေးဇူးတင်စကားတွေကို ကိုယ်တိုင်ရေးသားထားတဲ့ စာလေးနဲ့အတူ ပေးအပ်တာဟာ ပိုပြီးရင်ထဲရောက်စေပါတယ်။ မေမေ့ရဲ့ ဝါသနာ ဒါမှမဟုတ် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို ဂရုတစိုက် ရွေးချယ်ပေးတာကလည်း အလေးထားမှုကို ဖော်ပြရာရောက်ပါတယ်။
၃) ဆန္ဒလေးတွေ ဖြည့်ဆည်းပေးပါ။
မေမေသွားချင်တဲ့ နေရာလေးတွေကို လိုက်ပို့တာ ဒါမှမဟုတ် အမေဝါသနာပါတဲ့ အလုပ်လေးတွေကို ဘေးကနေ ဝိုင်းဝန်းကူညီပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ မေမေ့အတွက် သီးသန့်အနားယူချိန်ရအောင် ဖန်တီးပေးပြီး စိတ်ချမ်းသာမှုရစေမဲ့ အစီအစဉ်လေးတွေ လုပ်ဆောင်ပေးတာဟာ ဂရုစိုက်မှုကို ဖော်ပြနိုင်တဲ့ နည်းလမ်းပါ။
မေမေ့ကို ချစ်ပေးဖို့၊ ဂရုစိုက်ပေးဖို့ဆိုတာ အထူးနေ့ရက်တွေမှမဟုတ်ဘဲ အချိန်တိုင်း လိုအပ်ပေမဲ့ ဒီလိုအမေများနေ့မှာတော့ မေမေ့အတွက် အမှတ်တရအရှိဆုံး အချိန်လေးတွေကို အတူတူ ဖန်တီးပေးသင့်ပါတယ်။ ဒီနှစ်အမေများနေ့မှာလဲ မေမေတို့ရဲ့ ပေးဆပ်မှုတိုင်းကို တန်ဖိုးထားရင်း ကြည်နူးစရာအမှတ်တရလေးလေးများဖန်တီးပြီး ချစ်ရတဲ့ မေမေနဲ့ အတူတူဖြတ်သန်းလိုက်ကြရအောင်။
#MothersDay #MomLife #HeartfeltMoments #CelebrateMotherhood #OurActionsMatter #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





