𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို ကိုယ်တိုင် Self-Activation ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။

30 June 2024

ရိုးမဘဏ်အသုံးပြုနေသူ Customer များအနေနဲ့ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို အိမ်မှာကိုယ်တိုင် Self-Activation ပြုလုပ် အသုံးပြုနိုင်ပါတယ်။
ပိုမိုကောင်းမွန်တဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့အတွက် 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို Self-Activation ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ –
✅ Login စာမျက်နှာရှိ Self-Activation ကိုနှိပ်ပါ။
✅ Terms and Conditions များကို သဘောတူပါက လေးထောင့်ကွက်ကို အမှန်ခြစ်ပြီး Submit နှိပ်ပါ။
✅ Yoma Bank Account နံပါတ် ၁၅ လုံး (မည်သည့်ရိုးမဘဏ်အကောင့်မဆို) နှင့် မှတ်ပုံတင်နံပါတ် ၆ လုံး (သို့) နိုင်ငံကူးလက်မှတ်နံပါတ်ကို ဖြည့်ပြီး Next ကိုနှိပ်ပါ။
✅ စာရင်းသွင်းထားသော ဖုန်းနံပါတ်သို့ One Time Password (OTP code) ပေးပို့မှာဖြစ်ပြီး OTP code ကို ၃ မိနစ်အတွင်းဖြည့်ပေးပါ။
✅ အသုံးပြုလိုသည့် နှစ်သက်ရာ Username (အသုံးပြုသူအမည်) ကို ထည့်သွင်းပေးပါ။
✅ ထို့နောက် အသုံးပြုလိုသည့် နှစ်သက်ရာ Password (လျှို့ဝှက်ကုတ်နံပါတ်) ကို ထည့်သွင်း၍ Confirm နှိပ်ပြီးပါက 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
လုပ်ဆောင်ပုံအဆင့်ဆင့် Video လေးကိုလည်း (ymbank.co/next-activate-vdo) မှာကြည့်ရှုနိုင်ပါတယ်။
𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို (http://ymbank.co/next) မှာ Download ပြုလုပ်နိုင်ပါတယ်။

#YomaBank #SelfActivation

Leave a Message

Your email address will not be published. Required fields are marked *