စာရင်းသေအပ်ငွေစာရင်းတွေကို 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကနေ လွယ်ကူစွာ အကောင့်ဖွင့်လိုက်ပါ။

24 June 2024

ရိုးမဘဏ်ရဲ့ ငွေစု Customer တွေအနေနဲ့ စာရင်းသေအပ်ငွေစာရင်းတွေဖြစ်တဲ့ Fixed Deposit နဲ့ Super Fixed Deposit စာရင်းတွေကို 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကနေတစ်ဆင့် လွယ်ကူစွာ အကောင့်ဖွင့်နိုင်ပါတယ်။
အကောင့်ဖွင့်ပုံ အဆင့်ဆင့်ကတော့ –
✅ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရှိ Fixed Deposit Accounts (စာရင်းသေအပ်ငွေစာရင်းများ) ကို နှိပ်ပါ။
✅ ဖွင့်လိုသည့် စာရင်းသေအပ်ငွေစာရင်းကိုရွေးချယ်ပါ။
✅ အပ်နှံလိုသည့် ငွေပမာဏ နှင့် အချိန်ကာလ ကို ရွေးချယ်ပါ။
✅ အောက်ဖော်ပြပါ စာရင်းသက်တမ်းပြည့်မည့်နေ့အတွက် ညွှန်ကြားချက် (Maturity) အမျိုးအစားကို ရွေးချယ်ပါ။
-No Rollover (ငွေသားအပ်နှံသည့် ကာလကို ထပ်မံမတိုးဘဲ သက်တမ်းပြည့်ပါက အတိုးရော အရင်းပါ ငွေသားပြန်လည်ထုတ်ယူခြင်း။)
-Principal Only Rollover (အပ်နှံထားသည့် ငွေသားအတွက် အပ်နှံခဲ့သည့်သက်တမ်းအတိုင်းကို ထပ်မံ အပ်နှံပြီး အတိုး ထုတ်ယူခြင်း။)
-Principal + Interest Rollover (အပ်နှံသည့်သက်တမ်း ကာလအတိုင်းကို အတိုးရော အရင်းပါ ပေါင်းထည့်ပြီး ထပ်မံ သက်တမ်းတိုးခြင်း။)
✅ ပြီးလျှင်တော့ အတိုးထည့်သွင်းလိုသည့် ဘဏ်စာရင်းကို ရွေးချယ်ပြီး Continue ကို နှိပ်၍ လျှောက်ထားနိုင်ပါတယ်။
Super Fixed Deposit အကောင့်မှာအပ်နှံရင်း နှစ်စဉ်အတိုးနှုန်း 9.55% အထိ ရရှိနိုင်မဲ့ “စူပါရက် (၃၀)” အထူးအစီအစဉ်လည်းရှိလို့ အခုပဲ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 မှာအကောင့်ဖွင့်လိုက်တော့နော်။
𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 – ymbank.co/next

#YomaBank #FixedDeposit #SuperFixedDeposit #Super30Days

    1 Comments
  • default-avatar
    Xavier September 4, 2024 10:55 am

    Interested!

    0
    Reply

    Leave a Message

    Your email address will not be published. Required fields are marked *

Leave a Message

Your email address will not be published. Required fields are marked *