တစ်ခါတလေ ဘာအလုပ်မှ မလုပ်ချင်၊ ဘယ်သူနဲ့မှ စကားမပြောချင်ဘဲ စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်းတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်နဲ့ စိတ်က ပင်ပန်းနွမ်းနယ်နေလို့ အနားယူဖို့ အချက်ပေးနေတာလဲ ဖြစ်နိုင်တာကြောင့် ဒီလိုအချိန်မှာ ရိုးရိုးရှင်းရှင်း ပြုလုပ်နိုင်မဲ့ အလေ့အကျင့် (၃) ခုကို မျှဝေပေးပါရစေ။
၁) စိတ်ရောကိုယ်ပါ အနားပေးပါ။
ဘာမှမလုပ်ချင်တဲ့အချိန်မှာ အလုပ်တွေကို အတင်းအကျပ် ဖိလုပ်တာက စိတ်ဖိစီးမှုကို ပိုများစေတတ်ပါတယ်။ ဒါကြောင့် ဘာအတွေးမှမတွေးဘဲ ငြိမ်ငြိမ်လေး အနားယူလိုက်ပါ။ အိပ်ရေးပျက်နေတယ်ဆိုရင်လဲ နှစ်နှစ်ခြိုက်ခြိုက်အနားယူအိပ်စက်လိုက်တာက အားအင်တွေကို ပြန်လည်ပြည့်ဝစေပါတယ်။
၂) အပြောင်းအလဲ ပြုလုပ်ပါ။
ပုံမှန်ဘဝထဲက ခွဲထွက်ပြီး အပြောင်းအလဲဖြစ်စေမဲ့ အရာလေးတွေကို ပြုလုပ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး မုန့်စားတာမျိုး၊ ခရီးတိုလေး ထွက်လိုက်တာမျိုးက ပိတ်မိနေတဲ့ စိတ်အာရုံတွေကို ပေါ့ပါးသွားစေပြီး စွမ်းအင်သစ်တွေကို ရရှိစေပါတယ်။
၃) အသေးဆုံးကနေ စတင်ပါ။
လုပ်စရာအလုပ်တွေ၊ မပြီးပြတ်သေးတာတွေကို စိတ်ညစ်နေမဲ့အစား အားစိုက်မှုအနည်းဆုံးနဲ့ အချိန်တိုအတွင်း ပြီးမြောက်နိုင်တဲ့ အလုပ်အသေးလေးတစ်ခုကို လုပ်ဆောင်ကြည့်ပါ။ အဲဒီအလုပ်သေးသေးလေး ပြီးသွားတဲ့အခါ ကိစ္စတစ်ခု ပြီးမြောက်သွားတဲ့ ခံစားချက်က စိတ်ဓာတ်ကို တဖြည်းဖြည်း ပြန်လည်မြင့်တက်လာစေပါတယ်။
စက်ပစ္စည်းတွေတောင် အားပြန်သွင်းဖို့ လိုအပ်သလို ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကိုလဲ အားအင်သစ်တွေ ပြန်လည်ပြည့်ဝဖို့ အချိန်ပေးရပါမယ်။ ဒါကြောင့် ဘာမှမလုပ်ချင်ဖြစ်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ်တွန်းအားမပေးဘဲ စိတ်ရောကိုယ်ပါ အနားယူရင်း အားအင်သစ်တွေကို ပြန်လည်ရှာဖွေကြရအောင်နော်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





