ဖုန်းပျက်သွားတာ၊ ဒါမှမဟုတ် ပျောက်ဆုံးသွားတာမျိုး ကြုံဖူးပါသလား။

8 May 2026

နေ့စဉ်အသုံးပြုနေတဲ့ ဖုန်းက မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ငွေကြေးဆိုင်ရာ Application တွေပါ ပါဝင်နေတဲ့အတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဖုန်းပျက်သွားခြင်း သို့မဟုတ် ပျောက်ဆုံးသွားတဲ့အခါ အောက်ပါအချက်တွေကို အမြန်ဆုံး ဆောင်ရွက်ထားဖို့ အရေးကြီးပါတယ်။

✅ ဘဏ်ကို ချက်ချင်းအကြောင်းကြားပါ။
သင့်အကောင့်လုံခြုံမှုအတွက် Customer Care Center ကို ဆက်သွယ်ပြီး Mobile Banking အသုံးပြုမှုကို ခေတ္တပိတ်ထားနိုင်ပါတယ်။

✅ SIM Card ကို ပိတ်သိမ်းပါ။
OTP နှင့် အရေးကြီးအချက်အလက်များကို မသမာသူများ မရယူနိုင်စေရန် သက်ဆိုင်ရာ Operator ထံ ဆက်သွယ်ပြီး SIM ကို ချက်ချင်းပိတ်ပါ။

✅ Password များကို ပြောင်းလဲပါ။
Gmail၊ Social Media နှင့် အရေးကြီးအကောင့်များအားလုံးကို အခြား Device မှတစ်ဆင့် Password အသစ်များသို့ ချက်ချင်းပြောင်းလဲပါ။

သင့်ငွေကြေးနှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် သတိရှိရှိ လုပ်ဆောင်ခြင်းက အရေးကြီးဆုံးပါ။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ အချိန်မရွေး ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။

👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness

#YomaBank #ScamAwareness #StopScam #CyberSecurity #MobileSafety #TogetherWithYomaBank