သင်ကိုယ်တိုင် ပန်းကလေးတစ်ပွင့်နဲ့ ကိုယ်စားပြုကြည့်ပါ

6 January 2026

ပန်းပွင့်တွေက… လှပဖို့ ရှင်သန်ကြတယ်၊ ကြီးထွားဖို့ ရှင်သန်ကြတယ်၊ ရာသီဥတုမျိုးစုံ၊ ပတ်ဝန်းကျင်မျိုးစုံမှာ ကြံ့ကြံ့ခံရင်း ရှင်သန်ကြတယ်။

လူသားတွေကလည်း ဒီလိုပါပဲ… မတူညီတဲ့ ဘဝလမ်းတွေ၊ မတူညီတဲ့ ပတ်ဝန်းကျင်တွေထဲမှာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ခံစားချက်တွေနဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်း ရှင်သန်ကြတယ်။

ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ… ဘယ်လို ပတ်ဝန်းကျင်မှာပဲ ရှင်သန်ကြရပါစေ… နေ့ရက်တိုင်းကို တန်ဖိုးရှိစွာ ဖြတ်သန်းဖို့၊ နှစ်တစ်နှစ်တိုင်းမှာ တိုးတက်အောင်မြင်ဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ရှိဖို့ အားလုံးကြိုးစားနေကြပါတယ်။ ရယူပိုင်ဆိုင်ဖို့လည်း ထိုက်တန်ကြပါတယ်။

ဒီနှစ်သစ် ၂၀၂၆ ခုနှစ်မှာလည်း “သင်ကိုယ်တိုင်အတွက် သင့်ရဲ့နှစ်” ဖြစ်ဖို့ ရိုးမဘဏ်က အမြဲအတူရှိနေပါတယ်။ သင့်ရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုများအတွက် အကျိုးရှိရှိ ပါဝင်ပေးနိုင်မဲ့ အရာလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ …