မိမိရဲ့ဖုန်း ဒါမှမဟုတ် Laptop ကို Restart ချလိုက်တာဟာ လုပ်ဆောင်မှုလေးလံနေတာကို သက်သာစေရုံတင်မက မိမိရဲ့ ငွေကြေးဆိုင်ရာနှင့် ကိုယ်ရေးအချက်အလက်များကို ကာကွယ်ဖို့ရာ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ဘာကြောင့် Restart ချသင့်သလဲဆိုတော့
✅ Spyware တွေကို ရှင်းထုတ်နိုင်ခြင်း
Memory ပေါ်မှာရှိနေတဲ့ အန္တရာယ်ရှိတဲ့ Spyware အများစုဟာ နောက်ကွယ်မှာ မရပ်မနား အလုပ်လုပ်နေတတ်ပါတယ်။ ဖုန်းကို Restart ချလိုက်ခြင်းက မလိုလားအပ်တဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်သွားစေပြီး ၎င်းတို့ရဲ့ ထိန်းချုပ်မှုကို ဖြတ်တောက်ပေးနိုင်ပါတယ်။
✅ Memory ကို သန့်စင်ပေးခြင်း
ဖုန်း/ Laptop တို့ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်သွားစေနိုင်ပြီး ဒေတာခိုးယူဖို့ ကြိုးစားနေတဲ့ အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးပါတယ်။
ဒီအချက်တွေကို မှတ်သားပြီး Restart လုပ်ပေးခြင်းကို မကြာခဏ လုပ်ဆောင်ရမဲ့ အလေ့အကျင့်တစ်ခုအဖြစ် သတ်မှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။
Scam Awareness နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဒီလင့်ခ် (https://ymbank.co/scam-awareness) လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





