ယနေ့ခေတ်မှာ မသမာသူများသည် ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်များရယူဖို့အတွက် အစစ်အမှန်ဟုထင်ရလောက်သည့် အတုအယောင်တွေကို နည်းလမ်းမျိုးစုံဖြင့် ဖန်တီးပြုလုပ်လာကြပါတယ်။
– မက်လုံးများဖြင့် အရင်းအမြစ်မခိုင်လုံသော Link (လင့်ခ်) များ ဝင်ရောက်ခိုင်းခြင်းနှင့် ကိုယ်ရေးအချက်အလက်များတောင်းယူခြင်း၊
– ဖန်တီးထားသော Application (အက်ပ်လီကေးရှင်း) အတုများကို ဒေါင်းလုပ်ခ်ပြုလုပ်ခိုင်းခြင်း နှင့်
– ဝန်ထမ်းအယောင်ဆောင်ကာ ဖုန်းခေါ်ဆိုခြင်းဖြင့် One-Time Password (OTP) တောင်းခံခြင်းများ စသည်တို့ကို ပြုလုပ်တတ်ကြပါတယ်။
ဒါတွေဟာ သင့်ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူဖို့ ဖန်တီးပြုလုပ်ထားတာတွေပါ။ သို့သော် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သတိရှိရှိနှင့် အချိန်ယူစဥ်းစားပြီး ဆင်ခြင်မှုပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ထိုသို့ရှောင်ရှားနိုင်စေရန် မသမာသူများ လိမ်လည်လေ့ရှိတဲ့ အကြောင်းအရာများနှင့်ပတ်သက်၍ ဗဟုသုတပြည့်စုံရန်လိုအပ်သည့်အတွက် Scam Awareness ဆိုင်ရာ အသိပညာများကို အပြာရောင်အမှန်ခြစ်ပါသော Yoma Bank Facebook Page တွင် အမြဲမျှဝေပေးလျက်ရှိပါတယ်။
ထို့အပြင် မည်သည့်အချိန်တွင်မဆို သံသယဖြစ်ဖွယ်အခြေအနေများ ကြုံတွေ့ရပါက ရိုးမဘဏ်၏ Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်နိုင်ပါသည်။
#YomaBank #ScamAwareness #ချင့်ချိန်ယုံ



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





