⚠️ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်နေတဲ့ မက်လုံးတွေ ကြုံဖူးပါသလား။

27 November 2025

ဆုကြီးပေါက်သည် ဆိုတဲ့ စာတိုများ၊ အမြတ်များများပြန်ရမယ် လို့ ကတိပေးတဲ့ အရောင်းအဝယ်များ၊ အခမဲ့ သို့မဟုတ် အလွန်အကျွံလျော့ဈေး ပေးတဲ့ လင့်ခ်များကို တွေ့ရင် အလျင်စလို မယုံပါနဲ့။

မသမာသူများက ဒီလိုမက်လုံးများနဲ့ သွေးဆောင်ဖြားယောင်းလေ့ရှိပြီး သင့်ငွေ သို့မဟုတ် ကိုယ်ရေးအချက်အလက်များ ရယူရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် မိမိကိုယ်ကိုယ် လုံခြုံစွာ ကာကွယ်နိုင်ပါတယ်။

✅ ကမ်းလှမ်းမှုတွေ ရလာရင် ချက်ချင်းမတုန့်ပြန်ဘဲ ခေတ္တစဉ်းစားပါ။

✅ စာတို၊ လင့်ခ်တွေဟာ အမှန်တကယ် ဟုတ်/မဟုတ် မူလရင်းမြစ်အထိ သေချာစစ်ဆေးပါ။

✅ ကိုယ်ရေးအချက်အလက်များ လုံးဝ မမျှဝေပါနဲ့။

✅ သံသယဖြစ်ဖွယ်အခြေအနေတွေကြုံရင ရိုးမဘဏ်ကို ချက်ချင်းအကြောင်းကြားပါ။

ဖော်ပြပါအချက်များကို သတိရှိရှိလိုက်နာခြင်းဖြင့် ပိုမိုလုံခြုံတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်လိုက်ပါ။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။

👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness