ငွေပေးချေလိုတဲ့ရက်အလိုက် ကြိုတင်စီမံနိုင်ပြီ

22 January 2026

အိမ်အတွက်ငွေလွှဲဖို့၊ လစဉ်ဘေလ်ပေးဆောင်ဖို့အပြင် ချေးငွေပေးသွင်းဖို့စတဲ့ကိစ္စတွေကို လတိုင်းရက်မှတ်နေရတာ တကယ်ကို ခေါင်းခဲစရာပါပဲ။

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ “Schedule Payment” Feature ရှိနေပြီဆိုတော့ ဒီလိုကိစ္စတွေအတွက် အချိန်ကုန်၊ လူပင်ပန်းခံပြီး လိုက်လုပ်စရာမလိုတော့ပါဘူး။ “Schedule Payment” Feature နဲ့ဆိုရင်…

✅ အချိန်မှန်ပေးသွင်းနိုင်ခြင်း
သတ်မှတ်ပေးထားတဲ့ နေ့ရက်ရောက်တာနဲ့ အချိန်ဇယားအလိုက် သူ့အလိုအလျောက် ငွေပေးချေမှုတွေကို တိတိကျကျ လုပ်ဆောင်ပေးသွားမှာပါ။

✅ လွယ်ကူသော စီမံခန့်ခွဲမှုရှိခြင်း
ဘယ်နေ့မှာ ဘယ်လောက်ပေးချေရမယ်ဆိုတာကို ကြိုတင်သတ်မှတ်ထားနိုင်သလို လိုအပ်ရင်လည်း အချိန်မရွေး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

✅ စိတ်အေးချမ်းသာမှုရှိခြင်း
လတိုင်းပေးရမဲ့ ငွေပေးချေမှုတွေကို မေ့မှာ ပူစရာမလိုတော့လို့ ကိုယ့်ရဲ့ အဖိုးတန်အချိန်တွေကို တခြားအရေးကြီးတဲ့ ကိစ္စတွေမှာ ပိုပြီးအာရုံစိုက်နိုင်တော့မှာပါ။

ယုံကြည်စိတ်ချရသော ရိုးမဘဏ်ရဲ့ ငွေလွှဲ၊ ငွေပေးချေဝန်ဆောင်မှုများနဲ့အတူ သင့်နေ့စဉ်ဘဏ်လုပ်ငန်းများကို ပိုမိုလွယ်ကူစွာ စီမံလိုက်ပါ။

Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂
Yoma Bank ATMs & Branches – http://ymbank.co/locations