လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ အလုပ်တွေ အချိန်မီပြီးစီးဖို့ကိုပဲ အမြဲအာရုံစိုက်နေတတ်ကြပါတယ်။ တကယ်တော့ ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ မိမိကိုယ်ကိုယ် စကားပြောပြီး ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြန်လည်မေးမြန်းဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး အလုပ်တွေနဲ့ပဲ အချိန်မကုန်ဆုံးဘဲ မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း (၃) ခုလောက် ပြန်မေးကြည့်ကြရအောင်။
၁) ဒီနေ့ ဘယ်လိုခံစားနေလဲ။
ဒီနေ့မှာ ပျော်ရွှင်ခဲ့ရလား၊ ပင်ပန်းခဲ့ရလား ဒါမှမဟုတ် စိတ်ဖိစီးစရာတွေ ကြုံခဲ့ရလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ မေးမြန်းပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်မထားဘဲ အသိအမှတ်ပြုလိုက်ခြင်းက စိတ်အပန်းပြေစေဖို့နဲ့ စိတ်တည်ငြိမ်မှုရရှိဖို့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။
၂) ဒီနေ့အတွက် အဓိပ္ပာယ်အရှိဆုံး အလုပ်က ဘာလဲ။
အလုပ်တွေ အများကြီးလုပ်ခဲ့တဲ့အထဲကမှ ကိုယ့်အတွက် တကယ်ပဲ စိတ်ကျေနပ်မှုပေးနိုင်ခဲ့တဲ့ အလုပ်တစ်ခုကို ရှာဖွေကြည့်ပါ။ ကြီးမားတဲ့ အောင်မြင်မှုမျိုး မဟုတ်ရင်တောင် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကူညီလိုက်ရတာ၊ အလုပ်တစ်ခုကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာမျိုးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုမိုတိုးတက်စေပါတယ်။
၃) ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ရဲ့လား။
တစ်နေ့တာမှာ အာဟာရရှိစွာ စားဖြစ်ရဲ့လား၊ ရေလုံလောက်အောင် သောက်ဖြစ်ရဲ့လား၊ စိတ်အနားယူခဲ့ရလားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ မိမိကိုယ်ကိုယ် ဂရုစိုက်တာဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည်အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ပြည့်ဝနေမှသာ ပတ်ဝန်းကျင်ကိုလဲ စွမ်းအင်ကောင်းတွေ ပြန်လည်မျှဝေပေးနိုင်မှာပါ။
ကိုယ့်ကိုယ်ကိုယ် စကားပြောပေးခြင်းက မိမိကိုယ်ကိုယ် ပြန်လည်သိမြင်နိုင်ပြီး သုံးသပ်စေနိုင်သလို ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ပြန်လည်မေးမြန်းတာက ရှေ့ဆက်ရမဲ့ လမ်းကြောင်းကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး စကားပြောကြည့်ကြရအောင်။
#SelfReflection #EmotionalWellbeing #MentalHealthAwareness #OurActionsMatter #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





