ရိုးမဘဏ် Customer တွေအတွက် လက်လွတ်မခံသင့်သော ထပ်တိုးလိုက်တဲ့ စိတ်ဝင်စားစရာအခွင့်အရေးများနဲ့ ရှယ်စုပွား

7 November 2024

Flexi Savings အကောင့်မှာ စုငွေအပ်နှံကြတဲ့  Customer တွေအတွက် နိုဝင်ဘာလရဲ့ “ရှယ်စုပွား” အစီအစဉ်မှာ စိတ်လှုပ်ရှားစရာ အထူးအခွင့်အရေးအနေနဲ့ ငွေကျပ် သိန်း ၂၀၀ နှင့်အထက် လာရောက်အပ်နှံသော ပထမဦးဆုံး အယောက် ၃၀၀ (ပထမအပတ်တွင် ၁၅၀ ဦး + ဒုတိယအပတ်တွင် ၁၅၀ ဦး) အတွက် Cashback ကျပ် ၁ သိန်း လက်ငင်းရရှိနိုင်မဲ့ အထူးအခွင့်အရေးကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Flexi Savings အကောင့်မှာ အနည်းဆုံး ငွေကျပ် (၁၀) သိန်းစတင်အပ်နှံလိုက်တာနဲ့ လစဉ်ကံထူးခွင့် အစီအစဉ်အနေဖြင့် iPhone 16 Pro (၃) လုံး ကံထူးခွင့်ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

အခုပဲ Flexi Savings အကောင့် ရဲ့ ရှယ်စုပွား ထပ်တိုး အထူးအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် လက်လွတ်မခံသင့်သော Cashback အခွင့်အရေးများ၊  တိုးမြှင့်ထားသည့်အတိုးနှုန်းအသစ် 10.5% p.a. ခံစားခွင့်အပြင် စိတ်လှုပ်ရှားဖွယ် ကံထူးဆုအခွင့်အရေးများကိုလည်းရရှိနိုင်ပါပြီ။

Flexi Savings အကောင့်မှာ တစ်ရက်မှာ အနည်းဆုံး လက်ကျန်ငွေ (၁၀) သိန်းနဲ့အထက်ကျန်ရှိတဲ့ရက်တိုင်းအတွက် လက်မှတ် (၁) စောင်ရရှိမှာဖြစ်ပြီး ရက်များများထားလေလေ ကံထူးခွင့် လက်မှတ်များများရလေ၊ ကံထူးနိုင်မဲ့အခွင့်အရေးပိုများလေဖြစ်မှာပါ။

အစီအစဉ်ကာလကို နိုဝင်ဘာလ (၁) ရက်နေ့ကနေ စတင်မှာဖြစ်ပြီး အသေးစိတ်ကို ဒီလင့်ခ် (https://ymbank.co/shal-su-pwar ) ကနေ ကြည့်ရှုနိုင်ပါတယ်။

အခုပဲ Flexi Savings အကောင့်ဖွင့်ပြီး “ရှယ်စုပွား” အထူးအစီအစဉ်မှာ ပါဝင်လိုက်ပါ။

Leave a Message

Your email address will not be published. Required fields are marked *