ပြောင်းလဲမြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ထဲမှာ ဖြည်းဖြည်းနှေးနှေး ဖြတ်သန်းခြင်း (Slow Living) ဆိုတာ နှေးကွေးသွားတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အမှန်တကယ် အဓိပ္ပာယ်ရှိတဲ့ အရာတွေဆီမှာပဲ အသုံးချတတ်ဖို့ အရှိန်လျှော့လိုက်ခြင်းဖြစ်ပါတယ်။ တစ်နေ့တာရဲ့ အခိုက်အတန့်တိုင်းကို အလောတကြီး မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း ခံစားကြည့်နိုင်မဲ့ အလေ့အကျင့်လေးတွေကို မျှဝေပေးပါရစေ။
၁) မနက်ခင်းကို အေးအေးဆေးဆေး စတင်ပါ။
အိပ်ရာနိုးနိုးချင်း ဖုန်းကိုချက်ချင်းမကိုင်ဘဲ မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေး ထိုင်နေတာ၊ ရေနွေးကြမ်း ဒါမှမဟုတ် ကော်ဖီတစ်ခွက်ကို အရသာခံသောက်တာမျိုးနဲ့ မနက်ခင်းကို တည်ငြိမ်စွာ စတင်နိုင်ပါတယ်။ ဒါဟာ တစ်နေ့တာလုံးကို တည်ငြိမ်တဲ့ စွမ်းအင်တွေ ပေးစွမ်းနိုင်မဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
၂) သဘာဝတရားနဲ့ ထိတွေ့ပါ။
သစ်ပင်တွေကြားထဲ လမ်းလျှောက်တာ၊ ပြတင်းပေါက်ကနေ ကောင်းကင်ကို ငေးကြည့်တာ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားတာမျိုး လုပ်ဆောင်ကြည့်ပါ။ သဘာဝတရားရဲ့ အေးချမ်းမှုကို ခံစားခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အတွေးတွေကို ကြည်လင်လန်းဆန်းစေပါတယ်။
၃) တစ်ခုတည်းကိုသာ အာရုံစူးစိုက်ပါ။
အလုပ်တွေ အများကြီးကို ပြိုင်တူလုပ်တာထက် လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုတည်းအပေါ်မှာပဲ စိတ်ရောက်အောင် ထားကြည့်ပါ။ အစားစားချိန်မှာ အစားရဲ့ အရသာကိုပဲ အာရုံစိုက်တာ၊ မိမိရဲ့ အသက်ရှူမှုနဲ့ လှုပ်ရှားမှုတိုင်းအပေါ် သတိပြုနေတာမျိုးက လက်ရှိပစ္စုပ္ပန်ကာလမှာပဲ နေထိုင်တတ်စေပြီး လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုထိရောက်စေပါတယ်။
Slow Living ကနေ ရရှိလာတဲ့ တိတ်ဆိတ်ငြိမ်သက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်တဲ့ အခွင့်အရေးကို ပေးစွမ်းနိုင်ပါတယ်။ နေ့ရက်တိုင်း မဟုတ်ရင်တောင် တစ်ခါတစ်ရံမှာတော့ အရာရာကို ဖြည်းဖြည်းချင်း ဖြတ်သန်းကြည့်ပါ။ ဒီအလေ့အကျင့်ကောင်းတွေကို လက်တွေ့ကျင့်သုံးကြည့်ရင်း ဘဝရဲ့ အဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေကြည့်ကြရအောင်လားနော်။
#SlowLiving #Mindfulness #MentalWellness #OurActionsMatter #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





