မိုးရာသီမှာ ကျန်းမာရေး ဂရုစိုက်ပါ။

8 June 2026

မိုးရာသီဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်ပြီး ဖျားနာမှုတွေ အဖြစ်များတဲ့ ရာသီဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတွေကို မပျက်ကွက်ဘဲ ဆောင်ရွက်နိုင်ဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ မိုးရာသီမှာ မဖြစ်မနေ သတိပြုရမဲ့ ကျန်းမာရေး အလေ့အကျင့်ကောင်း (၃) ခုကို မျှဝေပေးပါရစေ။

၁) အစားအသောက် ဂရုပြုပါ။
မိုးရာသီမှာ ရေကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် လမ်းဘေးစာတွေနဲ့ ယင်နားစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး ချက်ပြုတ်ပြီးစ ပူပူနွေးနွေး အစားအစာတွေကိုပဲ ရွေးချယ်စားသုံးပါ။ သောက်ရေကိုလဲ သန့်ရှင်းစိတ်ချရတဲ့ ရေသန့် ဒါမှမဟုတ် ကျိုချက်ထားတဲ့ ရေနွေးကိုသာ သောက်သုံးသင့်ပါတယ်။

၂) သန့်ရှင်းစွာ နေထိုင်ပါ။
မိုးရေထဲ သွားလာလှုပ်ရှားရတဲ့အခါ မိမိရဲ့ လက်နဲ့ ခြေထောက်တွေမှာ ပိုးမွှားတွေ ကပ်ငြိလာနိုင်ပါတယ်။ အပြင်က ပြန်လာတိုင်း လက်နဲ့ခြေထောက်ကို စနစ်တကျ ဆေးကြောပါ။ ဒါ့အပြင် မိုးမိလာပါကလဲ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် ချက်ချင်းပြုလုပ်တာက အအေးပတ်ခြင်းနဲ့ အရေပြားမှိုစွဲခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။

၃) ကိုယ်ခံအားစနစ် မြှင့်တင်ပါ။
ရာသီဥတု အပြောင်းအလဲမှာ ရာသီတုပ်ကွေးမိခြင်းနဲ့ နှာစေးချောင်းဆိုး ဖြစ်ခြင်းတို့ကနေ ကာကွယ်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပရာသီး စတဲ့ အသီးအနှံတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။

ကျန်းမာခြင်းက လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့အတွက် အခြေခံအကျဆုံး အရာဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းက မိမိရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံတင်မကဘဲ မိသားစုနဲ့ လုပ်ငန်းခွင်ကိုပါ စွမ်းအင်ကောင်းတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီမိုးရာသီကာလကို ကျန်းမာစွာ ဖြတ်သန်းကြရအောင်နော်။

#StayHealthy #RainySeasonTips #WorkplaceWellness #OurActionsMatter #TogetherWithYomaBank