နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေ ပြုလုပ်တဲ့အခါ မတူညီတဲ့ နိုင်ငံခြားငွေကြေးတွေနဲ့ ငွေပေးချေမှုအပိုင်းမှာ ယုံကြည်စိတ်ချစွာ ဆောင်ရွက်လိုပါသလား

2 May 2026

ကုန်သွယ်ဖက်နိုင်ငံတွေအလိုက် လိုအပ်တဲ့ ငွေကြေးအမျိုးအစားတွေနဲ့ အဆင်ပြေပြေ ငွေပေးချေနိုင်ဖို့ ရိုးမဘဏ်က နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (International Trade Services) ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။

✅ Multi-Currency Support
အမေရိကန်ဒေါ်လာ (USD)၊ ထိုင်းဘတ် (THB)၊ အိန္ဒိယရူပီး (INR) နဲ့ တရုတ်ယွမ် (CNY) စတဲ့ နိုင်ငံတကာကုန်သွယ်မှုမှာ အဓိကအသုံးပြုတဲ့ ငွေကြေးများစွာနဲ့ ငွေလွှဲ၊ ငွေပို့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

✅ ချောမွေ့တဲ့ ပို့ကုန်/သွင်းကုန် လုပ်ငန်းစဉ်များ
ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအတွက် Telegraphic Transfer (TT) ဝန်ဆောင်မှုအပြင် နိုင်ငံတကာစံနှုန်းနဲ့အညီ ခိုင်မာတဲ့ Correspondent Banking Network ကို အသုံးပြုထားတာကြောင့် ကုန်သွယ်မှုငွေပေးချေမှုတိုင်းဟာ မြန်ဆန်တိကျပြီး ဘေးကင်းလုံခြုံမှု အပြည့်ရှိပါတယ်။

ကမ္ဘာတစ်လွှားက ကုန်သွယ်ဖက်တွေနဲ့ ယုံကြည်မှုရှိရှိ လက်တွဲနိုင်ဖို့အပြင် လုပ်ငန်းအရှိန်အဟုန် မပြတ်စေဖို့ ရိုးမဘဏ်ရဲ့ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း၀န်ဆောင်မှုများကို ရယူလိုက်ပါ။

နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေကို သိရှိလိုပါက ယခုလင့်ခ် https://ymbank.co/trade-finance မှာ ဝင်ရောက်လေ့လာနိုင်သလို Customer Care Center 24/7 9662 (သို့မဟုတ်) 097 9662 9662 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#YomaBank #BorderTrade #BusinessBanking #TogetherWithYomaBank #TradeFinance #InternationalTradeServices