၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာမြေနေ့ (World Earth Day) ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Our Power, Our Planet” နဲ့အညီ ရိုးမဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ဖို့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို စနစ်တကျဖော်ဆောင်ပြီး ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်လျက်ရှိပါတယ်။
ရိုးမဘဏ်ရုံးချုပ်နဲ့ ဘဏ်ခွဲတချို့မှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းနဲ့ သန့်ရှင်းတဲ့စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားနဲ့ ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနေတဲ့အပြင် ရိုးမဘဏ်ဝန်ထမ်းတွေအနေနဲ့လဲ ပလတ်စတစ်နဲ့စက္ကူသုံးစွဲမှုကို လျှော့ချပြီး ဒီဂျစ်တယ်နည်းပညာ အခြေပြုလုပ်ငန်းစဉ်တွေကို ပိုမိုအသုံးပြုတာ စတဲ့အလေ့အထကောင်းတွေကို ကျင့်သုံးနေရုံသာမက ရိုးမဘဏ် Customer တွေအတွက်လဲ ဒီဂျစ်တယ်အခြေပြု ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ပိုမိုအသုံးပြုနိုင်ဖို့ ပံ့ပိုးပေးလျက်ရှိပါတယ်။
ရိုးမဘဏ်ဝန်ထမ်းတွေရဲ့ နေ့စဉ်အလေ့အထ၊ စွမ်းဆောင်ရည်နဲ့ တာဝန်သိစိတ်တွေကတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ရင်း ကမ္ဘာမြေနေ့ (World Earth Day) ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
#WorldEarthDay2026 #OurPowerOurPlanet #YomaBankESG #TogetherWithYomaBank #YomaBank



BizSpace Portal
Payroll Portal
Supply Chain Financing





