“ရှယ်စုပွား”

News & Activities > Events & Activities

“ရှယ်စုပွား”

News & Activities > Events & Activities

Flexi Savings ရဲ့ “ရှယ်စုပွား” အထူးအစီအစဉ်

18 December 2024Events & Activities

ရှယ်စုပွား အထူးအစီအစဉ်သည် ရိုးမဘဏ် Customer များအတွက် လစဉ်ငွေစုကာ မြင့်မားသည့် အတိုးနှုန်းအသစ်ကိုရယူရင်း စုငွေတိုးပွားလာစေရန် ပြုလုပ်ခဲ့သောအစီအစဉ်တစ်ခုဖြစ်ပါသည်။ ရှယ်စုပွား အထူးအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ (၂) လပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် ငွေကျပ် (၁၀) သိန်းမှစ၍ စိတ်ကြိုက်အပ်နှံနိုင်ပြီး အပ်နှံငွေအလိုက်အတိုးလည်းရ Early Bird အထူးခံစားခွင့် လက်ငင်း Cashback (၁၀) သိန်းကျပ်ရရှိနိုင်သည့်အခွင့်အ‌ရေးအပြင် နောက်ဆုံးထွက်ရှိထားသည့် iPhone 16 Pro ပါ ကံထူးရယူပိုင်ဆိုင်နိုင်မည့် အထူးအစီအစဉ်တစ်ခုဖြစ်ပါသည်။

အစီအစဉ်တွင်ပါဝင်ရန် ရိုးမဘဏ်၏ Flexi Savings အကောင့်ရှိရန်လိုအပ်ပြီး ငွေကျပ် (၁၀) သိန်းနှင့်အထက်ရှိသော ရက်တိုင်းအတွက် ကံထူးခွင့် လက်မှတ်တစ်စောင်စီရရှိခဲ့ကြပါသည်။ အစီအစဉ်စတင်သည့်ကာလ ပထမလတွင် Early Bird အထူးခံစားခွင့်အနေဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် စုငွေအသစ် ငွေကျပ် သိန်း (၁၀၀) အနည်းဆုံး ထပ်မံအပ်နှံသည့် ပထမဦးဆုံး customer အယောက် (၁၀၀) အတွက် တစ်ဉီးလျှင် Cashback (၁) သိန်းကျပ် (စုစုပေါင်း သိန်း (၁၀၀) ကျပ်) ကိုလက်ငင်းပေးအပ်ခဲ့ပြီး customer များ၏ထပ်မံတောင်းဆိုမှုကြောင့် ဒုတိယလတွင် စုငွေအသစ် ငွေကျပ် သိန်း (၂၀၀) ကျပ်အနည်းဆုံး လာရောက်အပ်နှံသည့် ပထမဉီးဆုံး အယောက် (၃၀၀) (ပထမအပတ်တွင် ၁၅၀ ဦး + ဒုတိယအပတ်တွင် ၁၅၀ ဦး) အတွက်လည်း လက်ငင်း Cashback (၁) သိန်းကျပ်ကိုပေးအပ်ခဲ့ပါသည်။ 

ထို့အပြင် အစီအစဉ်ကျင်းပခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် တစ်လလျှင်တစ်ကြိမ် ကံထူးရှင် (၃)ဉီး ရွေးချယ်ကြေညာပြီး အထူးဆု iPhone 16 Pro များကို ပေးအပ်ပေးခဲ့ပါသည်။ ကံထူးရှင်များကိုလည်း တစ်လတစ်ကြိမ် ကြေညာခဲ့ပြီး ဆုများလည်း အသီးသီးပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ပါဝင်သူများသည် Yoma Bank Next Mobile Application ကိုအသုံးပြုပြီး ရိုးမဘဏ် စာရင်းအချင်းချင်း ငွေလွှဲ၍သော်လည်းကောင်း၊ CBM Net အသုံးပြု၍ အခြားမည်သည့် ပြည်တွင်းဘဏ်များမှမဆို ငွေလွှဲ၍သော်လည်းကောင်း၊ ဘဏ်ခွဲများတွင် ကိုယ်တိုင်ငွေသားလာရောက် အပ်နှံ၍သော်လည်းကောင်း ရိုးမဘဏ် Flexi Savings အပ်ငွေစာရင်းတွင် ငွေအပ်နှံကာ ရှယ်စုပွား အထူးအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

Flexi Savings ရဲ့ “ရှယ်စုပွား” အထူးအစီအစဉ် ပါဝင်သူများ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ (၂) လ ပြုလုပ်ခဲ့သော  “ရှယ်စုပွား” အထူးအစီအစဉ်တွင် မြန်မာနိုင်ငံအနှံ့ရှိ ရိုးမဘဏ် ဘဏ်ခွဲများမှ Flexi Savings အကောင့်အသုံးပြုသူ ၁၆,၀၀၀ ကျော်က အထူးအစီအစဉ်ကာလ ၂ လ ဆက်တိုက် ပါဝင်ခဲ့ကြပြီး ပထမလအတွက် Cashback (၁၀) သိန်းဆုကံထူးရှင်-(၇) ဦး၊ iPhone 16 Pro ကံထူးရှင်-(၃) ဦးနှင့် အထူးအစီအစဉ်ထပ်တိုးကာလ (ဒုတိယလ) တွင်လည်း iPhone 16 Pro ကံထူးရှင်-(၃) ဦးအပါအဝင် စုစုပေါင်းကံထူးရှင် (၁၃) ဦးတို့ကို ရွေးချယ်ကြေညာပေးခဲ့ပြီး သက်ဆိုင်ရာဆုများကိုလည်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

ရိုးမဘဏ်က အထူးကျေးဇူးတင်ရှိပါကြောင်း

“ရှယ်စုပွား” အထူးအစီအစဉ်တွင်ပါဝင်ခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ရိုးမဘဏ်က အထူးကျေးဇူးတင်ရှိပါသည်။ အထူးအစီအစဉ်မှတစ်ဆင့် ရိုးမဘဏ်၏ Flexi Savings အကောင့်ကို အသုံးပြုကာ ငွေအပ်နှံခြင်းအပါအဝင် အခြားသောငွေကြေးစီမံခန့်ခွဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် ရိုးမဘဏ်၏သာလွန်ကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများကို တွေ့ကြုံခံစားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။  ရှေ့လျှောက်တွင်လည်း ရိုးမဘဏ်၏အထူးအစီအစဉ်များတွင် ပါဝင်နိုင်စေရန် ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ရိုးမဘဏ် Website တွင် ဝင်ရောက် ကြည့်ရှုဖို့ တိုက်တွန်းအပ်ပါသည်။

Share this news on

Other Related News

Yoma Bank Branch Manager Conference 2026 | Grow Smart, Lead Responsibly, Perform Effectively

Yoma Bank Branch Manager Conference 2026 | Grow Smart, Lead Responsibly, Perform Effectively

Yoma Bank Branch Manager Conference successfully took place over two days on 15 and 16 January 2026 at the Pan Pacific Hotel, bringing together members of the management team,