News & Activities > Events & Activities

News & Activities > Events & Activities

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

23 October 2026Events & Activities

စိတ်ချယုံကြည်ရတဲ့ ကာကွယ်မှုနဲ့အတူ ရေရှည်တိုးတက်အောင်မြင်မဲ့ အနာဂတ်ကို အတူတည်ဆောက်လိုက်ကြရအောင်ပါ။

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်းပြီး “𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.” အစီအစဉ်ကို အောက်တိုဘာလ (၁၈) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ Sunshine Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအတွင်း စီးပွားရေးလုပ်ငန်းများ ရေရှည်တိုးတက်အောင်မြင်ရေးနှင့် ပြောင်းလဲနေသော စီးပွားရေးပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ရန် ဆောင်ရွက်နိုင်ရေးတို့ကို Social Entrepreneur တစ်ဦးဖြစ်သော ဦးကျော်သူထက်မှ အတွေ့အကြုံများနှင့် အမြင်များကို မျှဝေဆွေးနွေးပေးခဲ့ပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်သော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ရိုးမဘဏ်၏ Executive Vice President – Trade Finance & FX Solutions (Corporate Banking) ဖြစ်သော ဦးကျော်ဆန်းလင်းနှင့် ဘဝနဲ့ စီးပွားရေးလုပ်ငန်းများအတွက် အာမခံအကာအကွယ်ရဲ့ အရေးပါမှုကို ပရူဒန်ရှယ်အာမခံရဲ့ Regional Head – Partnership Distribution ဖြစ်သော ဒေါ်နီနီလွင်မှ အသီးသီး မျှဝေဆွေးနွေးပေးခဲ့ကြပါသည်။

ဤအစီအစဉ်ကို တက်ရောက်ပေးခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ အတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေပေးခဲ့ကြသည့် ဆွေးနွေးသူတွေနှင့် ပူးပေါင်းကူညီပေးခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းအားလုံးကို ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့မှ အထူးကျေးဇူးတင်ရှိပါသည်။ ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့တဲ့ တိုးတက်မှုနှင့် ယုံကြည်စိတ်ချရသော အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်ဖို့ ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါသည်။

Share this news on

Other Related News

Yoma Bank Participates as Main Sponsor of the MCCPMD Event

Yoma Bank Participates as Main Sponsor of the MCCPMD Event

The Myanmar Chamber of Commerce for Pharmaceutical & Medical Device (MCCPMD) hosted a networking event on 14 September 2026 at PARKROYAL Yangon,
Get Your Dream Car with Total Peace of Mind on Your Loan” Event Held in Mandalay

Get Your Dream Car with Total Peace of Mind on Your Loan” Event Held in Mandalay

Yoma Bank and Prudential Myanmar jointly hosted the “Get Your Dream Car with Total Peace of Mind on Your Loan” event in Mandalay on 5 September 2026.
“Start Preparing Today for Your Business Growth” Business Knowledge-Sharing Seminar for MSMEs

“Start Preparing Today for Your Business Growth” Business Knowledge-Sharing Seminar for MSMEs

Yoma Bank and Prudential Myanmar, in collaboration with the Myanmar Business Executives Association (MBE), hosted the “Prepare Today for Your Business Growth” business knowledge-sharing seminar at PARKROYAL Yangon on 19 September 2026.