ရိုးမဘဏ် ကျေးဇူး (JZu) ငွေစုအကောင့်၏ သစ်လွင်ပြောင်းလဲထားသော များများစု၊ များများကံထူးနိုင်မည့် အစီအစဉ်သစ် စတင်မိတ်ဆက်

New & Activities > Press News

ရိုးမဘဏ် ကျေးဇူး (JZu) ငွေစုအကောင့်၏ သစ်လွင်ပြောင်းလဲထားသော များများစု၊ များများကံထူးနိုင်မည့် အစီအစဉ်သစ် စတင်မိတ်ဆက်

New & Activities > Press News

ရိုးမဘဏ် ကျေးဇူး (JZu) ငွေစုအကောင့်၏ သစ်လွင်ပြောင်းလဲထားသော များများစု၊ များများကံထူးနိုင်မည့် အစီအစဉ်သစ် စတင်မိတ်ဆက်

14 August 2020Press News

1 Min Read

ကားသစ်တစ်စီး၊ ငွေကျပ် သိန်း (၂၀)၊  (၅) သိန်းနှင့် (၂ ) သောင်း ဆုမဲများ လစဉ်ကံစမ်းနိုင်မည့် အခွင့်အရေး

မြန်မာ၊ ရန်ကုန် –  ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် –  ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်  ယခုကဲ့သို့ ခက်ခဲသော ကာလအတွင်း  ရိုးမဘဏ် သည် Customers များ၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့်  နေ့စဉ်ဘဝတွင် နှစ်လိုဖွယ်ရာ ကံအခွင့်အလမ်းများကို မျှော်မှန်းလျက်ရှိသည့် ပြည်သူများအတွက် ရည်ရွယ်ပြီး သစ်လွင်ပြောင်းလဲထားသော ကျေးဇူး (JZu) ငွေစုအကောင့်ဖြင့် လူတိုင်း လစဉ် ငွေစုရင်းက ကံထူးဆုများ ရရှိနိုင်မည့်  အစီအစဉ်ကို ရိုးမဘဏ်က မိတ်ဆက်လိုက်ပါသည်။

ကျေးဇူးစုငွေ အကောင့်သည် နှစ်စဉ်အတိုးနှုန်း ၁ ရာခိုင်နှုန်း ကို အနည်းဆုံးလက်ကျန်ငွေပမာဏထားရှိရန် မလိုဘဲ နေ့စဉ်တွက်ချက်ပေးပြီး လစဉ် စုငွေအကောင့်ထဲပေးအပ်သွားသည့် အကောင့်အမျိုးအစားဖြစ်ပါသည်။ သို့သော် အနည်းဆုံးလက်ကျန်ငွေပမာဏငွေကျပ်တစ်သိန်း ထားရှိမှသာ လစဉ်ဆုရွေးချယ်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။

ငွေကျပ် တစ်သိန်းစုရုံဖြင့် ကားသစ်တစ်စီးနှင့် အခြားဆုငွေပေါင်းများစွာ ကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်သည်။ ကျေးဇူး ငွေစုအကောင့်တွင် ငွေကျပ်တစ်သိန်းစုတိုင်း ကံစမ်းမဲတစ်မဲ ရရှိမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျေးဇူးအကောင့်တွင် ဩဂုတ်လ ၁ ရက်နေ့မှ လကုန်ရက်ဖြစ်သော ဩဂုတ်လ ၃၁ ရက်နေ့အတွင်းရှိ အနည်းဆုံးလက်ကျန် စုငွေမှာ ၄၃၀ ၀၀၀ ကျပ်ဆိုပါက စက်တင်ဘာလတွင် ကျင်းပမည့် ဩဂုတ်လကျေးဇူးဆုရွေးချယ်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ကံထူးခွင့် အခွင့်အရေး (၄) မဲ ရရှိမည်ဖြစ်ပါသည်။

လစဉ် ကံစမ်းမဲဆုငွေပမာဏမှာ ကျေးဇူး စုငွေအကောင့်အတွက် တစ်လအတွင်း အပ်ငွေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းကို ပေးအပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျေးဇူး စုငွေအကောင့်အားလုံး၏ အပ်ငွေစုစုပေါင်းအပေါ်တွင် မူတည်ပြီး အပ်ငွေများလေ ဆုငွေပမာဏ များလေဖြစ်သည်။  ဆုငွေများမှာ –

ဆုငွေအမျိုးအစားဆုငွေများ ဆုငွေအရေအတွက်
အထူးဆုကားသစ်တစ်စီး* (၁) စီး
ဒုတိယဆု ( ငွေသား)သိန်း (၂၀)(၁) ဆု
တတိယဆု ( ငွေသား) (၅) သိန်း(၃) ဆု 
နှစ်သိမ့်ဆု ( ငွေသား)(၂ ) သောင်းသတ်မှတ်ထားသော လစဉ်ဆုငွေပမာဏကုန်သည်အထိ

*ဝင်ငွေခွန်ပါဝင်ပြီးဖြစ်ပါသည်။ ရန်ကုန်လိုင်စင်မပါဝင်ပါ။ 

သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ အကျုံးဝင်ပါသည်။ အသေးစိတ်ကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များတွင် လေ့လာနိုင်ပါသည်။

ကျေးဇူး စုငွေအကောင့်နှင့် စပ်လျဉ်းပြီး ပိုမိုသိရှိလိုပါက https://www.yomabank.com/en/personal/save-grow/jzu   တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။