News & Activities > Press News

News & Activities > Press News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

7 October 2026Press News

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။

ရိုးမဘဏ်မှ ပို့ချပေးခဲ့သည့် (၁၀) ရက်တာ Vocational Training Program ကို အောင်မြင်စွာ သင်ယူပြီးမြောက်ခဲ့သည့် သင်တန်းသားများအတွက် Graduation Ceremony ကို အောက်တိုဘာလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းအစီအစဉ်တွင်

  • General Banking Knowledge
  • Basic Sales Skills
  • Critical Thinking
  • Time Management
  • Resume Writing
  • Job Interview Preparation စသည့် လုပ်ငန်းခွင်တွင် အသုံးဝင်မည့် အခြေခံအသိပညာများနှင့် ကျွမ်းကျင်မှုများကို လေ့လာသင်ယူခဲ့ကြပါသည်။

ရိုးမဘဏ်အနေဖြင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ၎င်းတို့၏ အရည်အချင်းများကို တန်ဖိုးရှိသော ကျွမ်းကျင်မှုများအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။

Share this news on