ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့
ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။
ရိုးမဘဏ်မှ ပို့ချပေးခဲ့သည့် (၁၀) ရက်တာ Vocational Training Program ကို အောင်မြင်စွာ သင်ယူပြီးမြောက်ခဲ့သည့် သင်တန်းသားများအတွက် Graduation Ceremony ကို အောက်တိုဘာလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းအစီအစဉ်တွင်
- General Banking Knowledge
- Basic Sales Skills
- Critical Thinking
- Time Management
- Resume Writing
- Job Interview Preparation စသည့် လုပ်ငန်းခွင်တွင် အသုံးဝင်မည့် အခြေခံအသိပညာများနှင့် ကျွမ်းကျင်မှုများကို လေ့လာသင်ယူခဲ့ကြပါသည်။
ရိုးမဘဏ်အနေဖြင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ၎င်းတို့၏ အရည်အချင်းများကို တန်ဖိုးရှိသော ကျွမ်းကျင်မှုများအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။
BizSpace Portal
Payroll Portal
Supply Chain Financing








