ရိုးမဘဏ်၏ (၃၃) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့
ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့ – ၂၀၂၆ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် ရိုးမဘဏ်၏ (၃၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအတွင်း ရိုးမဘဏ်၏ စီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင်များက ဘဏ်၏ (၃၃) နှစ်တာကာလအတွင်း ဖြတ်သန်းခဲ့ရသည့် သမိုင်းဝင်မှတ်တိုင်များ၊ အောင်မြင်မှုများနှင့် မြန်မာပြည်သူပြည်သားများအတွက် အကောင်းမွန်ဆုံးသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အတွေ့အကြုံများကို ဂုဏ်ယူဝမ်းမြောက်စွာ ပြန်လည်မျှဝေခဲ့ပါသည်။ ထို့အပြင် ရိုးမဘဏ်၏ တိုးတက်အောင်မြင်မှုတိုင်းနောက်ကွယ်တွင် အေးအတူပူအမျှ ရပ်တည်ပေးခဲ့ကြသော ရိုးမဘဏ်မိသားစုဝင် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး (၃၃) နှစ်ပြည့် အမှတ်တရကိတ်မုန့်ကို အတူတကွ ပျော်ရွှင်စွာ ခွဲခဲ့ကြပါသည်။
ရိုးမဘဏ်ရုံးချုပ်တွင်သာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ခွဲများအသီးသီးတွင်လည်း အမှတ်တရ အစီအစဉ်များကို အသီးသီး ကျင်းပခဲ့ကြပါသည်။
ရိုးမဘဏ်အနေဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်ရန်” ဟူသော ရည်မှန်းချက်နှင့်အညီ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများအပြင် အခြားသော ဘက်စုံဖွံ့ဖြိုးရေးကဏ္ဍများတွင်လည်း အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။
(၃၃) နှစ်မှသည် ရာသက်ပန် အတူလက်တွဲကာ တိုးတက်အောင်မြင်မှုများဆီသို့ လျှောက်လှမ်းနိုင်ပါစေကြောင်း ရိုးမဘဏ်မှ ဆန္ဒပြုအပ်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





































