ရိုးမဘဏ် မြဝတီဘဏ်ခွဲရှိ ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိ
1 Min Read
ရန်ကုန်၊ မြန်မာ − ဒီဇင်ဘာ ၁၄ ရက် ၂၀၂၀ − ကရင်ပြည်နယ် မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် ရိုးမဘဏ် မြဝတီဘဏ်ခွဲ၌ အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းနှစ်ဦးတွင် Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရိုးမဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သော Covid-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ အဆိုပါ ဝန်ထမ်းတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းဝန်ထမ်းနှစ်ဦးစလုံးသည် လက်ရှိတွင် အသွားအလာ ကန့်သတ် နေထိုင်လျက်ရှိပါသည်။
ရိုးမဘဏ် မြဝတီဘဏ်ခွဲအား ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အပြင် ရောဂါပိုးတွေ့ရှိသူ ဝန်ထမ်းနှစ်ဦးနှင့် အနီးကပ် ထိတွေ့ခဲ့သော ဘဏ်ဝန်ထမ်းများအားလုံးကိုလည်း အသွားအလာ ကန့်သတ်နေထိုင်စေ လျက်ရှိပြီး ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ထားပါသည်။
ဘဏ်၏ Business Continuity Plan အရ ရိုးမဘဏ်သည် ဩဂုတ်လကတည်းကပင် ဘဏ်ခွဲများ၌ Group A နှင့် B ခွဲခြားကာ တစ်ပတ်စီ အလှည့်ကျ ရုံးတက်စေသည့် စနစ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခု ရောဂါပိုးတွေ့ရှိသည့် ဝန်ထမ်းနှစ်ဦးသည် Group A တွင် အလုပ်လုပ်ခဲ့သော ဝန်ထမ်းများဖြစ်ပါသည်။ ထို့ကြောင့် ရိုးမဘဏ် မြဝတီဘဏ်ခွဲကို Group B မှ ဝန်ထမ်းများဖြင့် ဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်လျက်ရှိပါသည်။
ရိုးမဘဏ် ဘဏ်ခွဲအားလုံးတွင် ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းများ အထူး အလေးပေး ဆောင်ရွက်နေပြီး ဘဏ်ခွဲများ အားလုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ဘဏ်ဝန်ဆောင်မှုပေးအပ် လျက်ရှိပါသည်။
ရိုးမဘဏ်အနေဖြင့် ဘဏ်ဝန်ထမ်းများအားလုံးအား Social Distancing ကျင့်သုံးခြင်း၊ ပါးစပ် နှာခေါင်းစည်း တပ်ဆင် ခြင်းနှင့် မကြာခဏ လက်ဆေးခြင်း စသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကိုလည်း ဆက်လက် လိုက်နာကျင့်သုံး လုပ်ဆောင်လျက်ရှိပါသည်။ ရိုးမဘဏ် Customer များအား အောက်ပါ ဘဏ်ဝန်ဆောင်မှုနည်းလမ်းများကို အသုံးပြု ကြရန် အထူးတိုက်တွန်းလိုပါသည်။
၁။ ဘဏ်ခွဲ − ရန်ကုန်မြို့ရှိ မိမိနှင့် နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်ခြင်း
ဘဏ်ခွဲများတွင် ဘဏ်ဝန်ဆောင်မှု တိုကင်ရယူသည့် စနစ်အား အွန်လိုင်းမှတစ်ဆင့် ကြိုတင် ရယူနိုင်သော Online Booking ၀န်ဆောင်မှုကို စတင်မိတ်ဆက်ထားပြီး ဖြစ်ပါသည်။
အသေးစိတ်ကို https://booking.yomabank.com/ တွင် လေ့လာနိုင်ပါသည်။
၂။ ATM ငွေထုတ်စက်များ : MPU Logo ပါ မည်သည့် ATM စက်များတွင်မဆို အချိန်မရွေး ငွေထုတ်ယူနိုင်ပါသည်။
၃။ မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ : Yoma Bank Mobile Banking ဝန်ဆောင်မှုကိုလည်း ဆက်လက် ပေးအပ်လျက်ရှိပါသည်။
၄။ WavePay : ရိုးမဘဏ် SMART အကောင့်ကို WavePay နှင့် ချိတ်ဆက်ထားပါက မည်သည့် Wave ကိုယ်စားလှယ်ဆိုင်များတွင်မဆို ငွေသွင်းငွေထုတ် ပြုလုပ်နိုင်ပါသည်။
Customer များအနေဖြင့် ရိုးမဘဏ်အား ဆက်သွယ်လိုပါက အောက်ဖော်ပြပါနည်းလမ်းများမှ တစ်ဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
၁။ Call Center – 9662 (or) 097 9662 9662
၂။ ရိုးမဘဏ်၏ တရားဝင် Facebook Page (www.facebook.com/yomabank) (အပြာရောင်အမှန်ခြစ်ပါဝင်သည်)
၃။ Website : www.yomabank.com
၄။ အီးမေးလ် − [email protected]
Customers များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များ၏ လုံခြုံရေးကို သေချာစေရန် ရိုးမဘဏ်အနေဖြင့် လက်ရှိအခြေ အနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။ COVID-19 နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက မြန်မာနိုင်ငံ၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

