ငွေကြေးစီးဆင်းမှုကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ငွေပေးချေမှုတွေကို စနစ်တကျ စီမံနိုင်ခြင်းနဲ့ လုပ်ငန်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အချိန်မီ ချမှတ်နိုင်ခြင်းကလဲ ရေရှည်အောင်မြင်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နေ့စဉ်ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူမြန်ဆန်စေဖို့ ရိုးမဘဏ်ရဲ့ BizSpace (Business Banking Portal) ကို မိတ်ဆက်ပေးလိုက်ပါတယ်။
BizSpace ကနေ သင့်လုပ်ငန်းအတွက် ဘာတွေကူညီပေးနိုင်မလဲ။
✅ စီမံခန့်ခွဲရလွယ်ကူခြင်း
ငွေလွှဲပြောင်းမှုများကို အချိန်နှင့်တပြေးညီ (Real-time) စစ်ဆေးနိုင်တဲ့အတွက် ငွေသားစီမံခန့်ခွဲမှုကို ပိုမိုအဆင်ပြေချောမွေ့စေပါတယ်။
✅ ငွေကြေးအခြေအနေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ခြင်း
လုပ်ငန်းရဲ့ ဘဏ်စာရင်းရှင်းတမ်းများကို ဘဏ်ခွဲသို့သွားစရာမလိုဘဲ လိုချင်တဲ့အချိန်၊ မိမိကိုယ်တိုင်ချက်ချင်း ရယူနိုင်တဲ့အတွက် ငွေကြေးစီမံခန့်ခွဲမှု ပိုမိုတိကျလာစေပါတယ်။
✅ ဘဏ်ပေါင်းများစွာသို့ လွယ်ကူစွာ ငွေလွှဲနိုင်ခြင်း
အခြားဘဏ် (၅၀) ကျော်သို့ ငွေပေးချေမှုများကို တစ်နေရာထဲကနေ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါတယ်။
✅ လုပ်ငန်းသုံးငွေပေးချေမှုများကို တစ်ကြိမ်ထဲ စီမံနိုင်ခြင်း
Bulk Payment စနစ်ဖြင့် ဝန်ထမ်းများ၊ Supplier များနှင့် လုပ်ငန်းဆိုင်ရာ ငွေပေးချေမှုများကို အချိန်ကုန်သက်သာစွာ ဆောင်ရွက်နိုင်ပါတယ်။
✅ စိတ်ချလုံခြုံမှု အပြည့်အဝရှိခြင်း
လုပ်ငန်းတစ်ခုအတွင်း လိုအပ်သည့်ငွေလွှဲပြောင်းမှုများကို ငွေလွှဲမည့်သူ (Maker) က စာရင်းသွင်းပြီးနောက်၊ လုပ်ပိုင်ခွင့်ရှိသည့် အတည်ပြုသူ (Checker) က စစ်ဆေးခွင့်ပြုမှသာ ငွေလွှဲမှု အောင်မြင်သည့်အတွက်ကြောင့် လုံခြုံစိတ်ချရမှုကို အပြည့်အဝရရှိစေပါသည်။
လုပ်ငန်းအောင်မြင်မှုရဲ့ နောက်ကွယ်မှာ စနစ်ကျတဲ့ ငွေကြေးစီမံခန့်ခွဲမှု ရှိနေပါတယ်။ ရိုးမဘဏ် BizSpace နဲ့အတူ သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးလုပ်ငန်းစဉ်တွေကို ဒီဂျစ်တယ်စနစ်နဲ့ ခေတ်မီအောင် ပြောင်းလဲပြီး ပိုမိုထိရောက်တဲ့ လုပ်ငန်းလည်ပတ်မှုကို ဖန်တီးလိုက်ပါ။
BizSpace အကြောင်း အသေးစိတ် လေ့လာရန် – ymbank.co/business-bizspace
#YomaBank #BizSpace #BusinessBanking #DigitalBusiness #MSME #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





