ဖုန်းထဲက Application တွေကို အမြဲ Update လုပ်နေဖို့ မမေ့ပါနဲ့။

17 November 2025

🔒 မိမိငွေကြေးနှင့် ကိုယ်ရေးအချက်အလက်များကို လုံခြုံအောင် ထိန်းကျောင်းနိုင်ဖို့ အရေးကြီးဆုံး လျှို့ဝှက်ချက်တစ်ခု!

အမှန်တကယ်လွယ်ကူပြီး အားလုံးနဲ့သက်ဆိုင်တဲ့ လျှို့ဝှက်ချက်ကတော့ မိမိဖုန်းထဲရှိ Application များကို အမြဲတမ်း Update လုပ်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ Application တွေကို Update လုပ်ပေးခြင်းက သင့်လုံခြုံရေးအတွက် အထူးအကျိုးပြုတဲ့ အချက်အလက်တစ်ခုပါ။

Update လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက

✅ Security Feature အသစ်များ ထည့်သွင်းထားတာကြောင့် လိမ်လည်မှုများမှ ကာကွယ်နိုင်ခြင်း

✅ Application Performance ပိုမိုကောင်းလာပြီး အသုံးပြုရ လွယ်ကူချောမွေ့ခြင်း

✅ နောက်ဆုံးပေါ် Feature များရရှိပြီး အသုံးဝင်တဲ့ Function အသစ်များကို အသုံးပြုနိုင်ခြင်း

ဒီထဲမှာ အရေးကြီးဆုံးက –

📌 Google Play Store နဲ့ Apple App Store စသည့် တရားဝင် Store များမှသာ Update လုပ်ပါ။

📌 မသိသော Link များကနေ Download/Update မလုပ်ရန် သတိပြုပါ။

မိမိငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်များ ဆုံးရှုံးမှုမဖြစ်စေရန် Scam Awareness ဆိုင်ရာ အသိပညာဗဟုသုတများကို Yoma Bank Facebook Page တွင် မျှဝေပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ရပါက ရိုးမဘဏ်၏ Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။

Scam Awareness အကြောင်း အသေးစိတ်ကြည့်ရှုရန် – https://ymbank.co/scam-awareness