“အပတ်စဉ် ငွေသားဆုတွေယူ ရိုးမဘဏ်နဲ့အတူ” Campaign
‘အပတ်စဥ်ငွေသားဆုတွေယူ ရိုးမဘဏ်နဲ့အတူ’ အစီအစဥ်သည် ရိုးမဘဏ်၏ ဝန်ဆောင်မှုစနစ်အတွင်း ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာစေရန်နှင့် ရိုးမဘဏ် (၃၂) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် Customer များအား ကျေးဇူးတုံ့ပြန်ရန် ၂၀၂၅ ခုနှစ်၊ မေလ (၁၉) ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့အတွင်း ပြုလုပ်ခဲ့သော အစီအစဥ်တစ်ခု ဖြစ်ပါသည်။ ဤအစီအစဥ်တွင် ရိုးမဘဏ်၏ Flexi Everyday Card (သို့မဟုတ်) MPU-Mastercard Debit Card အသုံးပြုကာ ငွေပေးချေမှုပြုလုပ်ပြီးသော်လည်းကောင်း Yoma Bank Next Mobile Application မှတစ်ဆင့် နှစ်သက်ရာ ငွေလွှဲပြောင်းမှုနှင့် ငွေပေးချေမှု တစ်မျိုးမျိုး ပြုလုပ်ပြီးသော်လည်းကောင်း အပတ်စဥ် ငွေသားဆု လက်ဆောင်များ ရရှိနိုင်မည်ဖြစ်ပါသည်။
အစီအစဥ်တွင် ပါဝင်ရန် အကျုံးဝင်သူများထဲမှ အပတ်စဥ်ကံထူးရှင် (၃၂) ဦးစီကိုလည်း ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက် နှင့် ဇွန်လ (၂) ရက်တွင် ရွေးချယ်ကာ ရိုးမဘဏ်၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာများတွင် ကြေညာပေးခဲ့ပြီး ဖြစ်ပါသည်။ ငွေသားဆုလက်ဆောင်ကိုလည်း ကံထူးရှင်များ၏ Flexi Everyday ငွေစာရင်းထဲသို့ ကြေညာပြီး ၂ ရက်အတွင်း ထည့်သွင်းပေးခဲ့ပါသည်။
ယခုအစီအစဉ်တွင်ပါဝင်ခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ရိုးမဘဏ်က အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် ရှေ့လျှောက်တွင်လည်း ရိုးမဘဏ်၏ အထူးအစီအစဉ်များတွင် ပါဝင်နိုင်စေရန် ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာ နှင့် ရိုးမဘဏ် Website တွင် ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းအပ်ပါသည်။
Explore our gallery
Other Related News

Yoma Bank Participates as Main Sponsor of the MCCPMD Event

Get Your Dream Car with Total Peace of Mind on Your Loan” Event Held in Mandalay

BizSpace Portal
Payroll Portal
Supply Chain Financing








