ရွှေအရောင်းအဝယ် ငွေပေးချေမှုများအတွက် ရိုးမဘဏ် ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးအပ်မည်

New & Activities > Press News

3 October 2022Press News

1 Min Read

ရန်ကုန်၊ မြန်မာ။          ။ အောက်တိုဘာလ ၃ ရက်၊ ၂၀၂၂ ခုနှစ် – ရွှေအရောင်းအဝယ်အတွက် ငွေပေးချေမှုများ ဆောင်ရွက်ရာ၌ အဆင်ပြေ ချောမွေ့စေရန် ရန်ကုန် မန္တလေး မော်လမြိုင်ရှိ ရိုးမဘဏ် ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာများ ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကုန်ပစ္စည်း ရောင်းဝယ်ခြင်းများအတွက် ငွေပေးချေမှု ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ် သိန်း ၂၀၀ ထက်ပိုသည့် မည့်သည့်ပေးချေမှုအတွက်မဆို ဘဏ်စနစ် အသုံးပြုရမည် ဟု ညွှန်ကြားထားသည့်အတိုင်း ရိုးမဘဏ်က ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာများ ဖွင့်လှစ်ပြီး ရွှေအရောင်းအဝယ်ပြု လုပ်သူများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။  

ရိုးမဘဏ်က အထူးကောင်တာ ဖွင့်လှစ်မည့် ဘဏ်ခွဲ ၅ ခုမှာ 

(၁) ကျောက်တံတား ဘဏ်ခွဲအမှတ် (၂၈၇/၂၈၉)၊ ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
(၂) FMI ဘဏ်ခွဲအမှတ် (၃၈၉)၊ ရွှေဘုံသာလမ်း၊ အထက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
(၃) မန္တလေး ပင်မဘဏ်ခွဲ အမှတ် (၂၀၁)၊ ၈၃ လမ်း၊ ၂၇-၂၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
(၄) ၇၈ လမ်း ဘဏ်ခွဲအမှတ် (အေ-၆ မှ အေ-၈)၊ ၇၈ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
(၅) မော်လမြိုင် ဘဏ်ခွဲအမှတ် (၆၃ -အေ)၊ ကျိုက္ခမီလမ်း၊ စျေးကြို (ဆန်တန်းရပ်)၊ မော်လမြိုင်မြို့။

တို့ ဖြစ်ပါသည်။ 

စုံစမ်းမေးမြန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Yoma Bank Email – [email protected]

Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂

Yoma Bank ATMs & Branches

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။