ရွှေအရောင်းအဝယ် ငွေပေးချေမှုများအတွက် ရိုးမဘဏ် ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးအပ်မည်

New & Activities > Press News

ရွှေအရောင်းအဝယ် ငွေပေးချေမှုများအတွက် ရိုးမဘဏ် ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးအပ်မည်

New & Activities > Press News

ရွှေအရောင်းအဝယ် ငွေပေးချေမှုများအတွက် ရိုးမဘဏ် ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးအပ်မည်

3 October 2022သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ။          ။ အောက်တိုဘာလ ၃ ရက်၊ ၂၀၂၂ ခုနှစ် – ရွှေအရောင်းအဝယ်အတွက် ငွေပေးချေမှုများ ဆောင်ရွက်ရာ၌ အဆင်ပြေ ချောမွေ့စေရန် ရန်ကုန် မန္တလေး မော်လမြိုင်ရှိ ရိုးမဘဏ် ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာများ ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကုန်ပစ္စည်း ရောင်းဝယ်ခြင်းများအတွက် ငွေပေးချေမှု ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ် သိန်း ၂၀၀ ထက်ပိုသည့် မည့်သည့်ပေးချေမှုအတွက်မဆို ဘဏ်စနစ် အသုံးပြုရမည် ဟု ညွှန်ကြားထားသည့်အတိုင်း ရိုးမဘဏ်က ဘဏ်ခွဲ ၅ ခုတွင် အထူးကောင်တာများ ဖွင့်လှစ်ပြီး ရွှေအရောင်းအဝယ်ပြု လုပ်သူများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။  

ရိုးမဘဏ်က အထူးကောင်တာ ဖွင့်လှစ်မည့် ဘဏ်ခွဲ ၅ ခုမှာ 

(၁) ကျောက်တံတား ဘဏ်ခွဲအမှတ် (၂၈၇/၂၈၉)၊ ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
(၂) FMI ဘဏ်ခွဲအမှတ် (၃၈၉)၊ ရွှေဘုံသာလမ်း၊ အထက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
(၃) မန္တလေး ပင်မဘဏ်ခွဲ အမှတ် (၂၀၁)၊ ၈၃ လမ်း၊ ၂၇-၂၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
(၄) ၇၈ လမ်း ဘဏ်ခွဲအမှတ် (အေ-၆ မှ အေ-၈)၊ ၇၈ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
(၅) မော်လမြိုင် ဘဏ်ခွဲအမှတ် (၆၃ -အေ)၊ ကျိုက္ခမီလမ်း၊ စျေးကြို (ဆန်တန်းရပ်)၊ မော်လမြိုင်မြို့။

တို့ ဖြစ်ပါသည်။ 

စုံစမ်းမေးမြန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Yoma Bank Email – [email protected]

Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂

Yoma Bank ATMs & Branches

Share this news on