မဟာဘောဂ ငွေကြေးလုပ်ငန်း အဖွဲ့အစည်းနှင့် ရိုးမဘဏ် တို့ ငွေကြေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

New & Activities > သတင်းများ

မဟာဘောဂ ငွေကြေးလုပ်ငန်း အဖွဲ့အစည်းနှင့် ရိုးမဘဏ် တို့ ငွေကြေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

New & Activities > သတင်းများ

မဟာဘောဂ ငွေကြေးလုပ်ငန်း အဖွဲ့အစည်းနှင့် ရိုးမဘဏ် တို့ ငွေကြေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

1 February 2019သတင်းများ

1 Min Read

မြန်မာကျပ်ငွေ ၂.၂ ဘီလီယံ တန် Semi Collateralized ငွေကြေးသဘောတူညီမှုစာချုပ်သည် Customer ပေါင်း ၅ ထောင်ကျော်ကို ချေးငွေ ပေးအပ်နိုင်မည် ဖြစ်သည်

ရန်ကုန်၊ မြန်မာ။    ။ ဖေဖော်ရီ ၁ ရက်၊ ၂၀၁၉ ခုနှစ် _  ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ မဟာဘောဂ၏ ငွေချေးလုပ်ငန်းများကို အားပေးကူညီရန်အတွက် ဖေဖော်ဝါရီလ (၁) ရက်နေ့က မြန်မာကျပ်ငွေ ၂.၂ ဘီလီယံ တန် Semi Collateralized ငွေကြေးသဘောတူညီမှုစာချုပ်ကို  မဟာဘောဂ ငွေကြေး ကုမ္ပဏီလီမိတက်  နှင့် လက်မှတ်ရေးထိုးခဲ့သည်။ မဟာဘောဂသည် ရိုးမဘဏ်မှ ကူညီထောက်ပံ့ပေးသော ငွေကြေးဖြင့်  ၎င်းတို့၏ Customer ပေါင်း ငါးထောင်ကျော်ကို  ချေးငွေဆိုင်ရာ ဝန်ဆောင်မှုများ ထပ်မံပေးအပ်နိုင်ရန် ရည်ရွယ်ထားသည်။ ယင်း ငွေကြေးဆိုင်ရာ သဘောတူညီမှုသည်  ဈေးကွက်တွင် တောင်းဆိုမှုများသော တစ်ဦးချင်းချေးငွေနှင့် လုပ်ငန်းချဲ့ထွင်မည့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အပေါင်မဲ့ချေးငွေကို ပေးအပ်နိုင်ရန် ရည်ရွယ်ထားသည်။  မဟာဘောဂသည် တစ်ဦးချင်းချေးငွေနှင့် စီးပွားရေးလုပ်ငန်းများ အတွက် အဓိက လိုအပ်သော ချေးငွေကို ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်၌  Client ပေါင်း ၁၄,၀၀၀ ကျော်ကို ငွေကြေးဝန်ဆောင်မှုများ  ပေးအပ်လျက်ရှိသည်။ မဟာဘောဂသည် မြန်မာကျပ်ငွေ ၄.၅၉ ဘီလီယံ ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။

ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲ ၈၀ ဖွင့်လှစ်ထားသည်။ ရိုးမဘဏ်သည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် နိုင်ငံတိုးတက်မှု အတွက် အဓိက မောင်းနှင်းအား တစ်ခုဖြစ်သော အသေးစားငွေချေးလုပ်ငန်း အဖွဲ့အစည်းများ၊  ဘဏ်မဟုတ်သော  ငွေကြေးဝန်ဆောင်မှု လုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သမရိုးကျ ဘဏ်လုပ်ငန်းနှင့် အလှမ်းဝေးသော လူအများကို  ပုံမှန်ဘဏ္ဍာရေး  ငွေကြေးစနစ်သို့ ပူးပေါင်းပါဝင်လာအောင် ဦးဆောင်ကြိုးစားလျက်ရှိသည်။  ယခု ငွေကြေးသဘောတူ စာချုပ်သည် ရိုးမဘဏ်၏ ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းကို ကူညီထောက်ပံ့ပေးသည့် ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးသော semi collateralized ငွေကြေးသဘောတူ စာချုပ်ဖြစ်သည်။ ယခု လက်မှတ်ရေးထိုးမှုသည် ပူးပေါင်းပါဝင်သည့် နှစ်ဖက်အဖွဲ့အစည်း အတွက် အကျိုးအမြတ်ရရှိစေနိုင်မည့် ချေးငွေရယူမည့် Customer များသည်လည်း ၎င်းတို့၏ ချေးငွေရယူခြင်းဆိုင်ရာ အသိပညာများ ၊ ငွေကြေးအသိပညာ ကျွမ်းကျင်မှုများ တိုးတက်လာမည် ဟု ယုံကြည်ထားသည်။

“ ရိုးမဘဏ်က  မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေအတွက် အရေးပါတဲ့ ငွေကြေးကူညီထောက်ပံ့မှု နဲ့ ချေးငွေရယူမှုအတွက် မဟာဘောဂကို ကူညီခွင့်ရတာ ကျေနပ်မိပါတယ်။  ယခုပူးပေါင်းလက်မှတ်ရေးထိုးမှုဟာ  မြန်မာနိုင်ငံမှာရှိတဲ့ MFIs နဲ့ NBFs တွေကို အများဆုံး ငွေကြေးကူညီမှုပေးတဲ့ အဖွဲ့အစည်းအဖြစ် ရိုးမဘဏ်က အမြဲရပ်တည်နေတယ် ဆိုတာကို မီးမောင်း ထိုးပြလိုက်တာလဲ ဖြစ်ပါတယ်။ ရိုးမဘဏ်ရဲ့ MFIs ကို ငွေကြေးကူညီထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှု စတင်ခဲ့တဲ့ အချိန်ကနေ ယခုအချိန်အထိ MFIs ပေါင်း ၁၀ ကို  စုစုပေါင်း မြန်မာကျပ်ငွေ ၇၅.၇ ဘီလီယံ ပေးအပ်ပြီးဖြစ်ပါတယ်။ ရိုးမဘဏ်က မြန်မာနိုင်ငံရဲ့ အားလုံးပူးပေါင်း ပါဝင်နိုင်တဲ့ ငွေကြေးစနစ်ဖြစ်လာဖို့ ဘဏ်တစ်ခုအနေနဲ့ အကောင်းဆုံး ကူညီလုပ်ဆောင်ပေးခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူ မိပါတယ်” ဟု ရိုးမဘဏ်၏ CEO   ဖြစ်သူ Mr. Hal Bosher က ပြောသည်။

မဟာဘောဂ သည် လက်ရှိတွင် မြန်မာနိုင်ငံရှိ သာမန်လူတန်းစား ဝန်ထမ်းများ အများဆုံးရယူသော တစ်ဦးချင်းချေးငွေ၊ ငှားရမ်းခြင်း ၊ အပေါင်ပစ္စည်းဖြင့် ရယူနိုင်သည့် အိမ်ယာချေးငွေ နှင့် ကားဝယ်ယူချေးငွေ အစရှိသည်တို့ အပါအဝင် လူတိုင်း၏ လိုအပ်ချက်နှင့် ကိုက်ညီစေနိုင်မည့်  အမျိုးမျိုးသော ချေးငွေ များကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ မဟာဘောဂ၏ ချေးငွေစုစုပေါင်း တန်ဖိုး၏ ၈၅% ရာခိုင်နှုန်းမှာ တစ်ဦးချင်းချေးငွေဝန်ဆောင်မှု ဖြစ်သည်။ မဟာဘောဂသည် ရုံးချုပ်ကို စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီး မကြာမီအချိန်တွင် ရန်ကုန်၌ နောက်ထပ် ရုံးခွဲတစ်ခုကို ဖွင့်လှစ်သွားမည် ဖြစ်သည်။

မဟာဘောဂ သည်  IFC မှ မြန်မာနိုင်ငံတွင် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်း (NBFI) များ ဖွံ့ဖြိုးလာစေရန် ရိုးမဘဏ်မှတစ်ဆင့် ငွေကြေးကူညီထောက်ပံ့ပေးသော ပထမဆုံး NBFI ဖြစ်သည်။  ယခုရိုးမဘဏ်နှင့်ရေးထိုးသော သဘောတူညီမှုသည်  လူမှုအဖွဲ့အစည်းသို့ ငွေကြေးကူညီထောက်ပံ့မှုပေးသော ဘဏ်မဟုတ်သည့် ငွေကြေးအဖွဲ့အစည်း (NBFI) ကဏ္ဍ၏ အောင်မြင်မှု တစ်ခုလည်းဖြစ်သည်။ မကြာခင် ကာလတွင် မဟာဘောဂသည် ၅/၇ ဘီလီယံထိ မျှော်မှန်း၍ ဈေးကွက်တွင် non-durable financing product များကို မိတ်ဆက်ပေးသွားမည် ဖြစ်သည်။ မဟာဘောဂ၏ Vice president  ဖြစ်သူ Mr.Katsunori Aita ၏ ပြောကြားချက်အရ မဟာဘောဂသည် ယခုနှစ်အတွင်းတွင် ရုံးခွဲပေါင်း ၄ ခုကို ထပ်မံတိုးချဲ့၍ လုပ်ငန်းလည်ပတ်သွားမည် ဖြစ်သည်။ လာမည့် ၂၀၁၉ မတိုင်ခင် ရုံးခွဲတစ်ခုစီကို မျှော်မှန်းချက် မြန်မာကျပ်ငွေ ၂ ဘီလီယံ ချမှတ်ထားသည်။ ယခုလအတွင်းတွင်လည်း ပထမဆုံး ရုံးခွဲကို တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ မဟာဘောဂသည် ရိုးမဘဏ်နှင့်အတူ ပူးပေါင်း၍ ၎င်း၏ လုပ်ငန်းများကို နှစ်ဆ တိုးချဲ့ရန် လျာထားပြီး  ဈေးကွက်အတွင်းသို့  ငွေကြေးဝန်ဆောင်မှုများကို ပိုမိုပေးအပ်သွားမည် ဖြစ်သည်။

မဟာဘောဂ အကြောင်း
မဟာဘောဂအား 2013ခုနှစ်တွင် လူ့အရင်းအမြစ်၏နေထိုင်မှု နှင့် ပတ်ဝန်းကျင် တိုးတက်လာစေရန်ရည်ရွယ်၍ တည်ထောင် ဖြစ်ခဲ့ပါသည်။  ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့်ဝန်ဆောင်မှုပေးခဲ့သောကြောင့် လူပေါင်း 14000 ကျော်အားအပြုံးတွေ ယူဆောင်ပေးနိုင်ခဲ့ပြီးကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေပါသည် လူတိုင်းကို မိမိ့ကိုယ်ကိုဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်လာနိုင်အောင်လည်း အထောက်အကူပြုပေးခဲ့ပါသည် မဟာဘောဂသည် မြန်မာနိုင်ငံ၏  ငွေရေးကြေးရေး လုပ်ငန်းများ ထဲမှ ထင်ရှားကျော်ကြားပြီး မေဂျာရှယ်ယာ 5နှစ်တိုင်ကိုင်ဆောင်နိုင်သော ကာလတို တစ်ဦးချင်းချေးငွေနှင့် အာမခံပစ္စည်း ထား ချေးငွေချေးပေးသောကုမ္ပဏီတစ်ခုဖြစ်သည် လွန်ခဲ့တဲ့ 2နှစ်ခန့်မှ မဟာဘောဂသည် အဌားချထားခြင်း၊ လုပ်ငန်း ကျွမ်းကျင်မှုရှိလာခြင်း၊ မဟာဘောဂ၏ ဝန်ထမ်းများ ကြိုးစားအားထုတ်မှုဖြင့် မဟာဘောဂသည် မြန်မာနိုင်ငံ၏ NPA အနည်းဆုံး ငွေရေးကြေရေး ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါသည် မဟာဘောဂအားအဓိက ဦးဆောင်သူဖြစ်သော ဦးမျိုးစံသည်လည်း ကိုယ်ကျင့်တရားကောင်းမှု လုပ်ရည်ကိုင်ရည်ရှိမှု အလုပ်ကြိုးစားမှု တို့အပြင် Financial assets 90% ကျော် နှစ်တိုင်း တိုးတက်အောင် ဆောင်ရွက်နိုင်သူလည်း ဖြစ်ပါသည် သူ၏ 10နှစ်ကျော်သော အတွေ့အကြုံများနှင့် ဦးစီး ဦးဆောင်ပြုနေသော လူတစ်ယောက်လည်းဖြစ်ပါသည်။

Share this news on