ရိုးမဘဏ် နှင့် သန့်မြန်မာတို့ ပူးပေါင်း၍ “တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှု သက်တမ်း လွန်ခဲ့သော (၂၅) နှစ် နှင့် ယနေ့” ပြပွဲကို ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေး မြို့ကြီးများတွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာ

New & Activities > သတင်းများ

ရိုးမဘဏ် နှင့် သန့်မြန်မာတို့ ပူးပေါင်း၍ “တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှု သက်တမ်း လွန်ခဲ့သော (၂၅) နှစ် နှင့် ယနေ့” ပြပွဲကို ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေး မြို့ကြီးများတွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာ

New & Activities > သတင်းများ

ရိုးမဘဏ် နှင့် သန့်မြန်မာတို့ ပူးပေါင်း၍ “တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှု သက်တမ်း လွန်ခဲ့သော (၂၅) နှစ် နှင့် ယနေ့” ပြပွဲကို ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေး မြို့ကြီးများတွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာ

8 April 2019သတင်းများ

1 Min Read

မြန်မာနိုင်ငံရှိ လူတစ်ဦး၏ ပလတ်စတစ်အသုံးပြုမှုသည် လွန်ခဲ့သော (၂၅) နှစ် နှင့် ယနေ့  နှိုင်းယှဉ်ပါက ဘယ်လောက်အတိုင်းအတာအထိ များလာသည်ကို တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှု လျော့ချရေး “ပလတ်စတစ် အရှုပ်တော်ပုံ” ပြပွဲများက မီးမှောင်းထိုးပြလျက်ရှိ

ရန်ကုန်၊ မြန်မာ။    ။ ဧပြီ ၈ ရက်၊ ၂၀၁၉ ခုနှစ် – ရိုးမဘဏ် နှင့် သန့်မြန်မာတို့ သည်  မြန်မာနိုင်ငံတွင် လွန်ခဲ့သော  (၂၅) နှင့်ယနေ့ နှိုင်းယှဉ်ပါက တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု မည်မျှများပြားလာသည်ကို  မီးမောင်းထိုးပြသော  လူထုအသိ ပညာပေး ပလတ်စတစ်အသုံးပြုမှု  လျော့ချရေးအစီအစဉ်များကို မြှင့်တင် ဆောင်ရွက်ရန်  အတူတကွ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်သည်။ ရိုးမဘဏ်၏ (၂၅) နှစ်ပြည့် အထိမ်းအမှတ် 25 for 25 ဆင်နွှဲခြင်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် “တစ်ခါသုံးပလတ်စတစ် သုံးစွဲမှု သက်တမ်း  လွန်ခဲ့သော (၂၅) နှစ် နှင့် ယနေ့” ခေါင်းစဉ်ဖြင့် လူထုအသိပညာပေး ပလတ်စတစ်အသုံးပြုမှု  လျော့ချရေး လှုပ်ရှားမှု ပြပွဲ ၁၅ ပွဲကိုမတ်လ မှ ဇွန်လအတွင်း လုပ်ဆောင်သွားမည်ဟု ရိုးမဘဏ်  နှင့် သန့်မြန်မာတို့ ကြေငြာခဲ့သည်။ ယင်းလှုပ်ရှားမှုသည် ရိုးမဘဏ် နှင့် သန့်မြန်မာတို့၏ ပူးပေါင်း လုပ်ဆောင်သည့် လှုပ်ရှားမှုဖြစ်ပြီး  တစ်ခါသုံးပလတ်စတစ်အိတ်၊ ပလတ်စတစ်ရေဘူး၊ပလတ်စတစ် အိတ်ခွံပစ္စည်းများ အပါအဝင် မြန်မာနိုင်ငံသားတစ်ဦး၏ ပျှမ်းမျှပလတ်စတစ်အသုံးပြုမှုကို လွန်ခဲ့သော (၂၅) နှစ် နှင့်ယနေ့  နှိုင်းယှဉ်၍  အဓိက ထား ဖော်ပြထားရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပြပွဲများ၏အဓိကရည်ရွယ်ချက်မှာ မြင့်တက်လာသော ပလတ်စတစ်အသုံးပြုမှု နှင့် ညစ်ညမ်းမှု  ( လွန်ခဲ့သော (၂၅) နှစ်  နှင့်   နှိုင်းယှဉ်ပါက ပလတ်စတစ်  အသုံးပြုမှု (၁ဝ)ဆ ပိုမိုးများပြာ းလာသည်) ကိုအများပြည်သူသတိပြုလာ စေရန် ဖြစ်သည်။  ရွေ့လျားပြပွဲတွင်ပလတ်စတစ်ရေသန့်ဘူး၊ ပလတ်စတစ်အိတ်နှင့် အိတ်ခွံများအစရှိသည့်   ပလတ်စတစ် ပစ္စည်းများကို အသုံးပြု၍ အလှဆင်ထားသော  အပြင်အဆင်များကို ပြသသွားမည် ဖြစ်သည်။  ထို့အပြင်  ယင်းပြပွဲများသည်  ပလတ်စတစ်အသုံးပြုမှုကို အနုပညာလက်ရာ  မြောက်စွာ  အလှဆင်ထားခြင်းဖြစ်ပြီး  ပလတ်စတစ်အသုံးပြုမှုကို    လျော့ချနိုင်သော အခြားနည်းလမ်းများကို ပြသခြင်း လည်းဖြစ်သည်။ ယင်းပြပွဲများကို  ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေး မြို့ကြီးများတွင် ပြသသွားမည် ဖြစ်သည်။

ပြပွဲ (၁၅) ပွဲအနက်မှ ၇ ပွဲကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ Ocean (ရွှေဂုံတိုင်) ၊ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဟာဗန္ဓုလနှင့် ၃၅ လမ်း နောက်ဖေးလမ်းကြား ဒို့အိမ်နေရာ ၊ မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ  ၆ မိုင်ခွဲ Marketplace ၊ မတ်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ Ocean North Point ၊ မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ Farmers and Maker Market (ကန်တော်ကြီး) ၊ ဧပြီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ Dulwich Collage Star City (သန်လျင်) ၊ ဧပြီလ ၅ ရက်မှ ၈ ရက်နေ့အထိ မဟာဗန္ဓုလ ပန်းခြံ အစရှိသည့် မတူညီသော နေရာ အမျိုးမျိုးတွင်  အောင်မြင်စွာ ပြသနိုင်ခဲ့သည်။ လာမည့် လှုပ်ရှားမှု ပြပွဲကို ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ကျင်းပသွားမည်   ဖြစ်သည်။ အထူးသဖြင့် ဧပြီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ Marketplace Golden Valley ၊ ဧပြီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ Myanmar Plaza နှင့်  မန္တလေးမြို့တွင်  မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ City Mart 19 တို့၌ ပြသ  သွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ ဖြစ်ပြီး စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုနိုင်ပါသည်။

ပလတ်စတစ် အရှုပ်တော်ပုံ ကိုလူအများ သိရှိလာစေရန်  ပလတ်စတစ် ညစ်ညမ်းမှု နှင့်ပလတ်စတစ်အစားထိုး နည်းလမ်း များကို နမှုနာ အလှဆင်ထားသည့်ပိုစတာ ဒီဇိုင်းများဖြင့် ပြသသွားမည်ဖြစ်သည်။ ထို့အပြင်  လာရောက်ကြည့်ရှု သူများကို လွန်ခဲ့သော(၂၅) နှစ် နှင့် နှိုင်းယှဉ်၍ ပလတ်စတစ် အန္တရာယ်ကိုစဉ်းစားစေရန် နှင့် အလှဆင်  ပြသထားသည့် နေရာများ တွင် ဓာတ်ပုံများ ရိုက်ကူးရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ရိုးမဘဏ် နှင့် သန့်မြန်မာတို့၏  ရည်ရွယ်ချက်မှာ လာရောက်  ကြည့်ရှုသူများအနေဖြင့် ပလတ်စတစ်အသုံးပြုမှု၏ ဆိုးကျိုးများကို  ပိုမို သိရှိနားလည်ပြီး ပလတ်စတစ်အသုံးပြုမှုကို လျော့ချကာ  မြန်မာနိုင်ငံကို ပလတ်စတစ် ညစ်ညမ်းမှုမှ ကာကွယ်နိုင်ရန်  ဖြစ်သည်။ ရေရှည်ရည်ရွယ်ချက်မှာ လူ အများ ပလတ်စတစ် အသုံးပြုမှုကို လျော့ချအောင် လုပ်ဆောင်ရန် နှင့် ၎င်းတို့၏ ပလတ်စတစ်ခွက်၊ ပိုက်၊ အိတ်အစရှိ သည့်ပလတ်စတစ်ပစ္စည်းများနေ့စဉ်နှင့်အမျှ အသုံးပြုနေသော    အလေ့အကျင့်ကို ပြောင်းလဲရန် ရည်ရွယ်သည်။  ၂၀၁၈ ခုနှစ်မှ စတင်၍ ရိုးမဘဏ်သည်  ရုံးချုပ် နှင့် ဘဏ်ခွဲများတွင်ပလတ်စတစ် ရေဘူးအစားထိုး ပြန်လည်အသုံးပြု နိုင်သော ဖန်ရေပုလင်း နှင့် ဘဏ်ခွဲတိုင်းတွင် ရေပြန်ဖြည့်အသုံးပြုနိုင်သည့် ရေဘူးများဖြင့်     အစားထိုး၍ ရုံးတွင်း ပလတ်စတစ် အသုံးပြုမှု ကို လျော့ချရန် လုပ်ဆောင်ခဲ့သည်။ ရေရှည်အတွက်  အကောင်းဆုံး ဖြစ်သည့် နည်းလမ်းများကို  လုပ်ဆောင်ခြင်းဖြင့် ရိုးမဘဏ်သည် ဘဏ်အတွင်း ပလတ်စတစ် အသုံးပြု မှု ပမာဏကို လေ ျှာ့ချရန် နှင့် ပလတ်စတစ် ကင်းမဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်ရန် ရည်ရွယ်လျက်ရှိသည်။

“ရိုးမဘဏ်အနေနဲ့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့စေမယ့်အနာဂတ် ဖြစ်ပေါ်လာစေဖို့နဲ့ ကျွန်တော်တို့ လူနေမှုနဲ့ လုပ်ငန်းခွင်ဘဝတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေရေးကို အသိအမှတ်ပြုဖို့ ခိုင်မာစွာ လုပ်ဆောင်နေပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ  ပလတ်စတစ်အမှိုက်ပြဿနာဟာ  သိသာထင်ရှားတဲ့ ပြဿနာတစ်ခု ဖြစ်ပါလာပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စမှာ လူတွေ ပိုမို သတိပြု အာရုံ စိုက်လာအောင် လုပ်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ တစ်ခါသုံးခွက်တွေ၊  ရေဘူးတွေအစား  ပြန်လည်အ သုံးပြုနိုင်တဲ့ ခွက်တွေ၊  ရေဘူးတွေနဲ့ တခြားပစ္စည်းတွေကို အသုံးပြုခြင်းဖြင့် ကျွန်တော်တို့အားလုံး ပါဝင်လုပ်ဆောင်နိုင်ပါတယ်” ဟု ရိုးမဘဏ် CEO ဖြစ်သူ Hal Bosher က ပြောသည်။

သန့်မြန်မာ မှ သုတေသန ပြုလုပ်ထားသည့် အချက်အလက်များအရအကြမ်းဖျင်း တန် ၂၀၀ မျှရှိသောပလတ်စတစ်  မှိုက်များသည် မြန်မာနိုင်ငံရှိ မြစ် ချောင်း အင်းအိုင်များထဲသို့ နေ့စဉ်နှင့်အမျှ ရောက်ရှိလျက်ရှိပြီး  သဘာဝ ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိသည့် ထိခိုက်မှုများကို ဖြစ်စေနိုင်သည်။  ယင်းအမှိုက် တန် ၂၀၀ မှ ၅၀ ရာခိုင်နှုန်းသည်  ဧရာဝတီမြစ် အတွင်းသို့ ရောက်ရှိလျက်ရှိသည်။ ပလတ်စတစ် သည် ပျက်စီးပျောက်ကွယ်သွားရန် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးပလတ်စတစ် ညစ်ညမ်းမှုသည် ဘဘာဝ ပတ်ဝန်းကျင်နှင့်  ကျန်းမာရေးအတွက်   အဓိက ပြဿနာ တစ်ရပ် ဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်  လူတစ်ဦးသည် အကြမ်းဖျင်း  တစ်နှစ်လျှင် ပျှမ်းမျှ  ပလတ်စတစ်အပိုင်း အစ ပေါင်း (၇၀,၀၀၀) ကို စားသုံးမိပြီး  ရေရှည်တွင်  လူသားမျိုးနွယ်တစ်လုံး အတွက် ကြီးမားသည့်  ပြဿနာ တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

“သန့်မြန်မာကို မြန်မာနိုင်ငံမှာ ပလတ်စတစ် ညစ်ညမ်းမှုကို လူထုအခြေပြု လှုပ်ရှားမှုများ  ဖြင့် လျော့ချနိုင်စေရန် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင် တည်ထောင်ခဲ့ပါတယ်။ သန့်မြန်မာက ပလတ်စတစ်အသုံး  ပြုမှု         လျော့ချရေး  လှုပ်ရှားမှု  အကြံပေးခြင်းတွေနဲ့   အစိုးရအဖွဲ့အစည်းတွေ ၊ ကုမ္ပဏီ အဖွဲ့အစည်းတွေ အပါအဝင် မတူညီတဲ့ အဖွဲ့အစည်းအမျိုးမျိုး နဲ့အတူတကွလုပ်ဆောင်လျက်ရှိပြီးပလတ်စတစ်  အသုံးပြု မှု လျော့ချရေး လူထုအသိပညာပေးမှုတွေ ကို မြင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ  European Union နဲ့ ပူးပေါင်းပြီး နာမည်ကျော်တွေရဲ့ ပလတ်စတစ်လျော့ချ အသုံးပြုရေး အားပေးတဲ့ ဗီဒီယို တွေကို အဓိက တီဗွီလှိုင်းတွေ  မှာ  ပြသပြီး လှုပ်ရှားမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံရုံးနဲ့  ပူးပေါင်းပြီး ချင်း နဲ့  ရခိုင်  ပြည်နယ် အပါအဝင်ရန်ကုန် စည်ပင်သာယာအဖွဲ့၏ အားပေးကူညီမှုတွေနဲ့အတူ ရန်ကုန်မှာ ကြော်ငြာ ပိုစတာ ဘုတ်များ  (Billboard Campaign) လုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ အရင်နှစ်  ကမ္ဘာ့ ပတ်ဝန်းကျင်နေ့ကလည်း  မြန်မာနိုင်ငံနဲ့ တစ်ဝန်းမှာ သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အမျိုးမျိုးသော ပွဲတွေကို ဦးဆောင်ကျင်းပခဲ့ပြီး လွန်ခဲ့တဲ့လက  ပလတ်စတစ် အမှိုက်တွေနဲ့ အလှဆင်ထားတဲ့ အပြင်အဆင်တွေနဲ့  Trashion show တွေကို  ပြုလုပ်ခဲ့ပါတယ်။  ဒီလိုမျိုး ပွဲလှုပ်ရှားမှု တစ်ခုစီ က  ပလတ်စတစ်နဲ့ ပတ်သက်တဲ့ အသိပညာမျိုးစုံကို  မြှင့်တင်ပေးနိုင်ပြီး နေရာဒေသ တော်တော် များများမှာ ဒါတွေ    သက်ရောက်မှုတွေ   ဖြစ်ပေါ်လာနေပြီဆိုတာ မြင်တွေနိုင်ပါတယ်။  သန့်မြန်မာက ရိုးမဘဏ် နဲ့  လက်တွဲပြီး “တစ်ခါသုံး ပလတ်စတစ်  သုံးစွဲမှု သက်တမ်း  လွန်ခဲ့သော (၂၅) နှစ်” ရွေ့လျားပြပွဲ ကို  လုပ်ဆောင်ရတာ ဝမ်းသာမိပါတယ်။  ဒါဟာ မြန်မာနိုင်ငံမှာ ပလတ်စတစ် အသုံးပြုမှုကို လေ ျှာ့ချဖို့   ပညာပေး မြှင့်တင်ခြင်း နဲ့ နောက်ထပ်  ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ “ ဟု သန့်မြန်မာ၏ Events and Awareness Raising ဖြစ်သူ Boris Le Montagner  ပြောသည်။

သန့်မြန်မာ အကြောင်း

ပလတ်စတစ် ညစ်ညမ်းမှု အသိပညာပေးမြင့်တင်နိုင်သည့် လူထုအခြေပြုလှုပ်ရှားမှုတစ်ခု အဖြစ်  သန့်မြန်မာကို ၂၀၁၈ခုနှစ် အစပိုင်းကတည်ထောင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပလတ်စတစ် အိတ် ၊ ပိုက် ၊အသုံးပြုမှု လျော့ချရေးနှင့် ပလတ်စတစ်ရေးဘူး အစားထိုး ပြန်လည်ဖြည့်နိုင်သည့် ရေဘူး များ အသုံးပြုနိုင်ရန်  အားပေးသည့်    အဓိက လှုပ်ရှားမှု သုံးခုကို စတင် အကောင်အထည်ဖော်ခဲ့သည် ။ ယင်းလှုပ်ရှားမှုများ ၏ အောင်မြင်မှု ကြောင့်   အမျိုးမျိုးသော အဖွဲ့အစည်းများ နှင့် လူအများက ထပ်မံ၍ အလားတူ  လုပ်ဆောင်မှုများ လုပ်ဆောင်ရန် တောင်းဆိုမှု များ များပြားခဲ့သည်။   သန့်မြန်မာသည်  ပလတ်စတစ်  အစားထိုး ဆန်းသစ်သည့်  နည်းလမ်းများဖြင့် ပလတ်စတစ် လျော့ချခြင်း နှင့် ပြန်လည်အသုံးပြုခြင်း  အာရုံစိုက် လုပ်ဆောင်ပြီး   ခရီးလုပ်ငန်း ကဏ္ဍ  ၊ ကုမ္ပဏီ များ ၊ အဖွဲ့အစည်းများ ၊ လူထုအဖွဲ့  အစည်းများကို  ပလတ်စတစ် အသုံးပြုမှု လျော့ချရေး ပစ္စည်းများ ဖန်တီးမှုများဖြင့် လေ့ကျင့် သင်ကြားပေးသည်။ သန့်မြန်မာ ကို ဖေဖော်ဝါရီ လ ၂၀၁၉ တွင် Non-Profit Company အဖြစ် တရားဝင် စားရင်းသွင်းခဲ့သည်။

Share this news on