Mandalay Talk Show Content 

News & Activities > Press news

Mandalay Talk Show Content 

News & Activities > Press news

Mandalay Talk Show Content 

18 October 2023သတင်းများ

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ ဒုတိယမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မန္တလေးမြို့ Hotel Mandalay  မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစတွင် “𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်၏ Program Director ဖြစ်သူ ဦးစိုးဟိန်းမှ အစီအစဉ်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာဦးတင်ဇံကျော်မှ MSMEs လုပ်ငန်းရှင်တွေ၊ လုပ်ငန်းသစ်စတင်ဖို့  ကြိုးစားအားထုတ်နေသူ Startup တွေအတွက် ရေရှည်တည်တံ့တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ လေ့လာမှတ်သားသင့်သည်များကို ” 𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗹𝗲 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴: 𝗔 𝗣𝗮𝘁𝗵 𝘁𝗼 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗚𝗿𝗼𝘄𝘁𝗵” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

ထို့အပြင် Myanmar Tea Leaf Co.,Ltd ရဲ့ Managing Director ဖြစ်သူ ဦးမျိုးဝင်းအောင်၊ Healthy & Happy ရဲ့ Co-founder နဲ့ Managing Director ဖြစ်သူ ဒေါ်မေနှင်းဝေ နှင့် ရိုးမဘဏ်ရဲ့ Head of SME Banking ဖြစ်သူ ဒေါ်မေစန္ဒီသိန်းဇော်တို့ကလည်း “𝗣𝗿𝗼𝗺𝗼𝘁𝗶𝗻𝗴 𝗠𝗦𝗠𝗘𝘀: 𝗜𝘀𝘀𝘂𝗲𝘀 𝗮𝗻𝗱 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀” ခေါင်းစဉ်ဖြင့် 𝗣𝗮𝗻𝗲𝗹 𝗗𝗶𝘀𝗰𝘂𝘀𝘀𝗶𝗼𝗻 တွင် MSMEs လုပ်ငန်းများ၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ စီးပွားရေးအခြေအနေများနှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်းတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်။ 

ဆွေးနွေးဟောပြောမှုများအပြီးတွင်လည်း ပွဲသို့ တက်ရောက်သူများအတွက် အမေးအဖြေအစီအစဉ်များနှင့် Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ ဒုတိယမြောက် ဟောပြောပွဲကို ကြွရောက်ဟောပြောပေးပါသော ဆရာဦးတင်ဇံကျော် နှင့်တကွ Panelist များ၊ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ၊ ရိုးမဘဏ်မှ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်တွင် MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ အနေဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ဖော်ပြပါလင့်ခ် (ymbank.co/bizpitch) မှာလေ့လာနိုင်ပါသည်။

Share this news on