Taunggyi Talk SHow Content

News & Activities > Press news

Taunggyi Talk SHow Content

News & Activities > Press news

Taunggyi Talk Show Content

21 October 2023သတင်းများ

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ တတိယမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် တောင်ကြီးမြို့၊ Taunggyi Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစတွင် “𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်အကြောင်းကို ရိုးမဘဏ်၏ Head of Marketing and Communications ဖြစ်သူ ဦးအောင်ဇင်ထူးမှ အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပြောကြားမှု အပြီးမှာတော့ ပွဲသို့ တက်ရောက်သူများနဲ့ အမေးအဖြေအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဆရာ ဦးစိုးဟိန်းမှ MSMEs လုပ်ငန်းရှင်တွေ၊ လုပ်ငန်းသစ်စတင်ဖို့ ကြိုးစားအားထုတ်နေသူ Startup တွေအတွက် လေ့လာမှတ်သားသင့်သည်များကို “𝗡𝗮𝘃𝗶𝗴𝗮𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗥𝗼𝗮𝗱 𝘁𝗼 𝗠𝗦𝗠𝗘 𝗦𝘂𝗰𝗰𝗲𝘀𝘀: 𝗔 𝗥𝗼𝗮𝗱𝗺𝗮𝗽 𝗳𝗼𝗿 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

ထို့အပြင် “𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ Program Director ဖြစ်သူ ဆရာ U Soe Hein၊ SISBURMA ရဲ့ Founder နှင့် Managing Director ဖြစ်သူ U Zayar Myo၊ NKH (Areca Leaf Eco-friendly Disposable Products) ရဲ့ Founder နှင့် CEO ဖြစ်သူ Daw Nang Kham Htaei၊ ရိုးမဘဏ်ရဲ့ Head of SME Banking ဖြစ်သူ Daw May Sandi Thein Zaw တို့ကလည်း “𝗣𝗿𝗼𝗺𝗼𝘁𝗶𝗻𝗴 𝗠𝗦𝗠𝗘𝘀: 𝗜𝘀𝘀𝘂𝗲𝘀 𝗮𝗻𝗱 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀” ခေါင်းစဉ်ဖြင့် 𝗣𝗮𝗻𝗲𝗹 𝗗𝗶𝘀𝗰𝘂𝘀𝘀𝗶𝗼𝗻 တွင် MSMEs လုပ်ငန်းများ၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ စီးပွားရေးအခြေအနေများနှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်းတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်။

ဆွေးနွေးဟောပြောမှုများအပြီးတွင်လည်း Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ တတိယမြောက် ဟောပြောပွဲကို ကြွရောက်ဟောပြောပေးပါသော ဆရာဦးစိုးဟိန်းနှင့် တကွ Panelist များ၊ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ၊ ရိုးမဘဏ်မှ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်တွင် MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ အနေဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ဖော်ပြပါလင့်ခ် (ymbank.co/bizpitch) မှာလေ့လာနိုင်ပါသည်။

Share this news on