Yangon Talk Show Content

News & Activities > Press news

Yangon Talk Show Content

News & Activities > Press news

Yangon Talk Show Content

14 October 2023သတင်းများ

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ ပထမဆုံး ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစတွင် “𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်၏ Program Director ဖြစ်သူ ဦးစိုးဟိန်းမှ အစီအစဉ်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Prof. Dr Aung Tun Thet မှ MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာကျင့်သုံးသင့်သည်များကို “𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝗶𝗮𝗹 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗳𝗼𝗿 𝗠𝗦𝗠𝗘 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁” ခေါင်းစဉ်ဖြင့် ဆွေးနွေးလမ်းညွှန် ဟောပြောပေးခဲ့ပါသည်။

ထို့အပြင် DATE Bakery & COFFEE DATE ၏ တည်ထောင်သူ ကိုသက်ဦးရွှေ၊ The Nut Butter ၏ တည်ထောင်သူ မခိုင်သက်ဝေသိန်းနှင့် ရိုးမဘဏ်၏ Head of SME ဒေါ်မေစန္ဒီသိန်းဇော်တို့ကလည်း “𝗣𝗿𝗼𝗺𝗼𝘁𝗶𝗻𝗴 𝗠𝗦𝗠𝗘𝘀: 𝗜𝘀𝘀𝘂𝗲𝘀 𝗮𝗻𝗱 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀” ခေါင်းစဉ်ဖြင့် 𝗣𝗮𝗻𝗲𝗹 𝗗𝗶𝘀𝗰𝘂𝘀𝘀𝗶𝗼𝗻 တွင် MSMEs လုပ်ငန်းများ၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ စီးပွားရေးအခြေအနေများနှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်းတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးဟောပြောမှုများအပြီးတွင်လည်း ပွဲသို့ တက်ရောက်သူများအတွက် အမေးအဖြေအစီအစဉ်များနှင့် Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ ပထမဆုံး ဟောပြောပွဲကို ကြွရောက်ဟောပြောပေးပါသော Prof. Dr Aung Tun Thet နှင့်တကွ Panelist များ၊ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ၊ ရိုးမဘဏ်မှ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။”𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်တွင် MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ အနေဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ဖော်ပြပါလင့်ခ် (ymbank.co/bizpitch) မှာလေ့လာနိုင်ပါသည်။

Share this news on