မြန်မာနိုင်ငံရှိ စားသုံးသူများ နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ကမ္ဘာ့ဒီဂျစ်တယ်စီးပွားရေး နှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ရိုးမဘဏ် နှင့် Mastercard တို့ မိတ်ဖက်ပူးပေါင်း

New & Activities > သတင်းများ

မြန်မာနိုင်ငံရှိ စားသုံးသူများ နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ကမ္ဘာ့ဒီဂျစ်တယ်စီးပွားရေး နှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ရိုးမဘဏ် နှင့် Mastercard တို့ မိတ်ဖက်ပူးပေါင်း

New & Activities > သတင်းများ

မြန်မာနိုင်ငံရှိ စားသုံးသူများ နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ကမ္ဘာ့ဒီဂျစ်တယ်စီးပွားရေး နှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ရိုးမဘဏ် နှင့် Mastercard တို့ မိတ်ဖက်ပူးပေါင်း

18 June 2020သတင်းများ

1 Min Read

ယခုမိတ်ဖက်ဆောင်ရွက်မှုမှတစ်ဆင့် ဒီဂျစ်တယ်ဦးစားပေး ဖြေရှင်းချက်များကို ပေးအပ်ပြီး  မြန်မာနိုင်ငံ၏ ငွေသားကိုင်ဆောင်မှုလျှော့ချရေး လုပ်ငန်းစဉ်ကို ရိုးမဘဏ်အနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ *

ရန်ကုန်၊ မြန်မာ – ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက် – ရိုးမဘဏ်၏ ဒီဂျစ်တယ်စွမ်းဆောင်ရည်များကို ရေရှည်တည်တံ့ခိုင်မြဲစွာ ချဲ့ထွင်နိုင်ရန်နှင့် မြန်မာနိုင်ငံရှိ ဒီဂျစ်တယ်စီးပွားရေး ဆင့်ကဲတိုးတက်ခြင်းကို အရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်သည့် မိတ်ဖက်ဆောင်ရွက်မှုကို ရိုးမဘဏ်နှင့် Mastercard တို့ ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရိုးမဘဏ်သည် လျင်မြန်စွာပြောင်းလဲနေ သော ဒီဂျစ်တယ်ခေတ်တွင် မတူညီသော Customer အမျိုးမျိုးအတွက် အကောင်းတကာ့အကောင်းဆုံး ဒီဂျစ်တယ် ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများနှင့် တစ်မူထူးခြားသော စားသုံးသူ စံတန်ဖိုးများကို ပေးအပ်သွားမည် ဖြစ်ပါသည်။ 

ယခုကဲ့သို့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ်  ရိုးမဘဏ်သည်  မြန်မာနိုင်ငံရှိ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်အားလုံးအတွက်  လိုက်လျောညီထွေရှိမှုနှင့် ရွေးချယ်ခွင့်တို့ ပိုမိုရရှိစေမည့် တီထွင်ဆန်းသစ်ပြီး လိုအပ်ချက်နှင့်ကိုက်ညီသော ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုမျိုးစုံကို ပေးအပ်သွားမည် ဖြစ်ပါသည်။ Mastercard သည် ဒီဂျစ်တယ်ဦးစားပေး ဖြေရှင်းချက်များ ဖွဲ့စည်းတည်ဆောက်ရာတွင်  ယင်း၏ ကမ္ဘာ့အဆင့် ကျွမ်းကျင်မှုကို ယခုမိတ်ဖက်ဆောင်ရွက်မှုဆီသို့ ယူဆောင်လာပြီး ဒီဂျစ်တယ် ဂေဟစနစ်လုံခြုံရေးကို ခိုင်မာစေသည့်အပြင်  အလုံးစုံသော အချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ရိုးမဘဏ်အနေဖြင့်  ဒီဂျစ်တယ်စီးပွားရေးဆီသို့ ဦးတည်မောင်းနှင်ပေးမည့် ငွေသားမဲ့ ငွေပေးချေခြင်းဆိုင်ရာ ဂေဟစနစ်ကို အောင်အောင်မြင်မြင် ပြုစုမွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့ထိပ်တန်း ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီအနေဖြင့် Mastercard သည် မြန်မာ့စီးပွားရေး ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းခြင်းတွင် အလားအလာကောင်းများရှိနေသည်ဟု ယုံကြည်ပြီး အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ဆန်းသစ်တီထွင်ထားသော ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပလက်ဖောင်းများ ဖွံ့ဖြိုးလာရေးကို အားတက်သရော အားပေးဆောင်ရွက်နေသော မြန်မာအစိုးရနှင့် ရိုးမဘဏ်တို့၏ ရပ်တည်ချက်နှင့် ထပ်တူကျစွာ ဒီဂျစ်တယ်စီးပွားရေးသည် လူတိုင်းအတွက် နေရာမရွေး ထိရောက်လည်ပတ်စေရမည်ဟု ခံယူထားပါသည်။။

“အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာ့စီးပွားရေးအတွက် ကျောထောက်နောက်ခံဖြစ်ပြီးတော့ တစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ SME တွေဖြစ်ပါတယ်။ SME ကဏ္ဍကို ဒီဂျစ်တယ်စနစ်ဆီသို့ အသွင်ကူးပြောင်းခြင်းက စီးပွားရေးလုပ်ငန်းတွေရဲ့  ငွေပေးချေမှုဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အဆင့်မြှင့်တင်ပေးပြီး လုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို ပယ်ဖျောက်ပေးနိုင်မှာဖြစ်သလို လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာဈေးကွက်တွေကို အလွယ်တကူဝင်ရောက်နိုင်ဖို့နဲ့  အီလက်ထရောနစ်စနစ်နဲ့  ကူးသန်းရောင်းဝယ်ရေး (E-commerce) အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာစေဖို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီ မိတ်ဖက်ဆောင်ရွက်မှုကနေ ဘယ်စီးပွားရေးလုပ်ငန်းမဆို  ချိတ်ဆက်ပါဝင်နိုင်တဲ့၊ ချော့မွေ့တဲ့ ငွေပေးချေမှုဂေဟစနစ်ကို ဖန်တီးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စံပြဘဏ်အဖြစ် ရှိနေတဲ့ ရိုးမဘဏ်ရဲ့ အဓိက အားသာချက်ကို အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ ရိုးမဘဏ်ရဲ့ ဒီဂျစ်တယ်ခရီးလမ်းမှာ နာမည်ကျော်ကြားတဲ့ ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီ Mastercard နဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ အတွက် စိတ်အားထက်သန်နေပါတယ်။   အဆင့်မြင့် ဒီဂျစ်တယ်ငွေပေးချေမှု နည်းလမ်းတွေက တစ်ဆင့် Customer တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်မှန်းတဲ့  ရိုးမဘဏ်ရဲ့ ရည်မှန်းချက်ကိုအကောင်အထည်ပေါ်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် Dean Cleland က ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် နိုင်ငံတိုင်း၏ စီးပွားရေးနှင့် လူတိုင်းအပေါ်  ကြီးမားစွာ သက်ရောက်မှုများရှိခဲ့ပြီး အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖြင့် ပြည်သူအားလုံး ပြန်လည် နာလန်ထူလာစေရန် ခိုင်မာသော အခြေခံအုတ်မြစ်တည်ထောင်ရာတွင်  ငွေပေးချေမှုအား ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းခြင်း၏ အရေးပါမှုများကို ထင်ဟပ်စေခဲ့ပါသည်။ ရိုးမဘဏ်နှင့် Mastercard တို့သည် မြန်မာနိုင်ငံသားများအတွက် အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ်စနစ်ကို တည်ထောင်ရန် နိုင်ငံ၏ ဒီဂျစ်တယ်ခရီးလမ်းကို ထောက်ပံ့ရန်  သံန္နိ ဌာန် ချထားပြီးဖြစ်ပါသည်။

“Mastercard အနေနဲ့ ရိုးမဘဏ်နဲ့ လက်တွဲပြီး ငွေသားမဲ့စနစ်သို့ ဦးတည်တဲ့ ရိုးမဘဏ်ရဲ့ ခရီးလမ်းမှာ ငွေပေးချေမှုဆိုင်ရာ တီထွင်ဖန်တီးသူအဖြစ်သာမက  ကမ္ဘာ့ ဒီဂျစ်တယ်စီးပွားရေးဆီသို့ အောင်မြင်မှု လမ်းစအဖြစ် ဆောင်ရွက်နိုင်ဖို့  ဝမ်းမြောက်ဝမ်းသာ ပံ့ပို့းပေးသွားမှာဖြစ်ပါတယ်။ Mastercard အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီဂျစ်တယ်စီးပွားရေးကို ဖော်ဆောင်ဖို့  မြန်မာနိုင်ငံက အစိုးရအဖွဲ့အစည်းတွေ၊ ဘဏ္ဍာရေး ကဏ္ဍက ဦးဆောင်သူတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။” ဟု Mastercard ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ Country Manager ဖြစ်သူ Aileen Chew က ပြောကြားခဲ့ပါသည်။

* ဤပူးပေါင်းမှုမှတစ်ဆင့် ပေးအပ်မည့်ထုတ်ကုန်နှင့် ၀န်ဆောင်မှုအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်နှင့်အညီ လိုက်နာဆောင်ရွက်ပါမည်။

Share this news on