“စုပွားရယူ Flexi Everyday နှင့်အတူ”

Promotion > Special Promotion

“စုပွားရယူ Flexi Everyday နှင့်အတူ”

Promotion > Special Promotion

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေး အစီအစဉ်

1 May 2024

Promotion Period: 1st May – 31st July, 2024

About

ရိုးမဘဏ်၏ Flexi Everyday အကောင့်ရှိသူတိုင်း ပါဝင်ကံစမ်းနိုင်ကာ အပ်ငွေတွေ ပွားသထက် ပွားစေမည့် “စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေး အစီအစဉ်သည် အပ်ငွေ၏ (၁) ဆမှ (၅) ဆ* အထိ လစဉ်ကံထူးနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။


“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်မှာ ပါဝင်ရန် ရိုးမဘဏ် Flexi Everyday အကောင့်ထဲမှာ အနည်းဆုံး ငွေကျပ် (၁) သိန်း ထားရှိရမှာဖြစ်ပါသည်။

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်မှာ ပျမ်းမျှစုငွေရဲ့ ‘(၁) ဆ၊ (၂) ဆ၊ (၅) ဆ*’ အထိ ‘ဆပွား’ ရရှိရန် Flexi Everyday အကောင့်ထဲတွင်

ငွေကျပ် (၁၀၀,၀၀၀) မှ (၂၉၉,၉၉၉) ကျပ်အထိ ပျမ်းမျှအပ်ငွေပမာဏရှိပါက ထိုပမာဏရဲ့ (၁) ဆ 

ငွေကျပ် (၃၀၀,၀၀၀) မှ (၄,၉၉၉,၉၉၉) ကျပ်အထိ ပျမ်းမျှအပ်ငွေပမာဏရှိပါက ထိုပမာဏရဲ့ (၂) ဆ 

ငွေကျပ် (၅,၀၀၀,၀၀၀) နှင့်အထက် ထားရှိပါက ပျမ်းမျှအပ်ငွေပမာဏရှိပါက ထိုပမာဏရဲ့ (၅) ဆ* ကို ရရှိနိုင်မှာ ဖြစ်ပါသည်။

ဆပွားဆုငွေ ကံထူးသူတွေကို လစဉ်ရွေးချယ်ပေးသွားမှာဖြစ်ပြီး

ပျမ်းမျှအပ်ငွေပမာဏရဲ့ (၁) ဆ ရရှိသူ (၅၀) ဉီး

ပျမ်းမျှအပ်ငွေပမာဏရဲ့ (၂) ဆရရှိသူ (၁၀) ဉီး

ပျမ်းမျှအပ်ငွေပမာဏရဲ့ (၅) ဆ* ရရှိသူ (၁) ဉီးတို့ကို အသီးသီးရွေးချယ်သွားမှာဖြစ်ပါသည်။


အစီအစဉ်စတင်မည့်ကာလ ၂၀၂၄ ခုနှစ်၊​ မေလ (၁) ရက်နေ့ တွင် စတင်မှာဖြစ်ပြီး ကံထူးရှင်များစာရင်းကို လစဉ် (၅) ရက်နေ့တိုင်း ကြေညာပေးသွားမည်ဖြစ်ပြီး ကြေညာပြီး (၅) ရက်အတွင်း ကံထူးရှင်များ၏ သက်ဆိုင်ရာ Flexi Everyday အကောင့်သို့ ဆုငွေ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

*စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ပါရှိပါသည်။ 

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ် အသေးစိတ်ကို ဒီလင့်ခ် (ymbank.co/su-pwar) မှာ ဖတ်ရှုနိုင်ပါသည်။

You May Also Be Interested

Share this news on