ရိုးမဘဏ်အကြောင်း

Who we are > ကျွန်ုပ်တို့အကြောင်း

ရိုးမဘဏ်အကြောင်း

Who we are > ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

Founded In
1993

Founded In

Years of Operation
30+

Years of Operation

Branches
85

Branches

Employees
3,200+

Employees

Your Lifelong Banking Partner

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကျော် ခိုင်မာစွာ ရပ်တည်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုများပေးလျက်ရှိသော ယုံကြည်စိတ်ချရသော ဘဏ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သော “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုသည့် ဦးတည်ချက်နှင့်အညီ ‘လက်တွဲ ရာသက်ပန်’ ဟူသည့် မျှော်မှန်းချက်အပေါ် အခြေခံ၍ ဆက်လက်ရပ်တည်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း လျင်မြန်စွာတိုးတက်နေသော ပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သည့် ရိုးမဘဏ်သည် ဝန်ထမ်းများ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုတို့အတွက် မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများဖြင့် အုတ်မြစ်ချ တည်ဆောက်ထားသည်။ ဤအခြေခံအုတ်မြစ်သည် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်ပါတနာများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သော အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကို အစုရှယ်ယာရှင်အဖြစ် ပထမဆုံးလက်ခံခဲ့သော ပြည်တွင်းပုဂ္ဂလိကဘဏ်ဖြစ်ပါသည်။ International Finance Corporation (IFC) သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ချေးငွေများကို ၂၀၁၉ ခုနှစ် မေလတွင် အစုရှယ်ယာအဖြစ်သို့ ပြောင်းလဲခဲ့သည်။ GIC ၏ လုပ်ငန်းခွဲ Greenwood Capital Pte Ltd နှင့် Norfund တို့သည် ၂၀၂၀ ခုနှစ်အစောပိုင်းတွင် ရိုးမဘဏ်၌ ရှယ်ယာများ ဝယ်ယူခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ်သန်းပေါင်း (၁၃၀) ဘီလီယံအထိ ရှိခဲ့ပါသည်။

ကျွန်ုပ်တို့သည် Customer တစ်ဦးချင်းစီ၏ လိုအပ်ချက်များ မတူကွဲပြားကြောင်း နားလည်ပြီး ‘လက်တွဲ ရာသက်ပန်’ ဆိုသည့် မျှော်မှန်းချက်အပေါ် အခြေခံ၍ Customer များ၏ အကျိုးစီးပွားအတွက် ပြီးပြည့်စုံသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးလျက်ရှိပါသည်။ ကျွန်ုပ်တို့ စံနှုန်းတန်ဖိုးများသည် လုပ်ငန်းလည်ပတ်မှု၏ မည့်သည်အပိုင်းတွင်မဆို တစ်သားတည်း ဖြစ်တည်နေသည်။ Customer များကို အမြဲပထမဦးစားပေးခြင်း၊ စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှ၊ သမာသမတ်ရှိမှု၊ အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းခြင်းနှင့် အသင်းအဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို အခြေခံ၍ လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ (၈၀) ကျော်နှင့် စွမ်းဆောင်ရည်မြင့်သော ဝန်ထမ်း (၃,၂၀၀) ကျော်တို့၏ အင်အားဖြင့် ရိုးမဘဏ်သည် Customer များ ယုံကြည်အားထားရပြီး လုံခြုံစိတ်ချရသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန် အမြဲကြိုးစားဆောင်ရွက်လျက် ရှိပါသည်။

မဟာဗျူဟာမြောက် ခေါင်းဆောင်မှုအောက်တွင် ကျွန်ုပ်တို့ဘဏ်သည် Customer များအတွက် အဆင်ပြေချောမွေ့စေရန် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုများနှင့် ခေတ်မီနည်းပညာအပေါ် အခြေခံ၍ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆက်လက် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့ ရိုးမဘဏ်သည် နိုင်ငံတစ်ဝန်း ငွေကြေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်စေရန် Financial Inclusion ကို အားပေးမြှင့်တင်ခြင်းအပြင် ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို မြန်ဆန်တိုးတက်အောင် ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဆက်စပ် အကြောင်းအရာများ

Mission, Vision and Values

Mission, Vision and Values

As ‘the Responsible Bank’ for 31 years,

Read More
ခရီးလမ်းကြောင်းမှတ်တိုင်များ

ခရီးလမ်းကြောင်းမှတ်တိုင်များ

Our Board of Directors is responsible for steering Yoma Bank’s strategy, heading its Leadership team,…

Read More
မဟာဗျူဟာ

မဟာဗျူဟာ

၂၀၁၉ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ်အဖြစ် Mr. Dean Cleland

Read More