အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

Who we are > Governance

အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

Who we are > Governance

အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

ရိုးမဘဏ်၏ ကော်ပိုရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှုပုံစံ ဖွဲ့စည်းပုံသည် ကော်ပိုရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှု မူဝါဒအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤနေရာတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

၂၀၂၃ မတ်လကုန်မှစ၍ ကျွန်ုပ်တို့၏ ကော်ပိုရိတ်ဆိုင်ရာ အုပ်ချုပ်မှုပုံစံကို အောက်ပါ ဇယားအတိုင်း အကျဉ်းချုပ် ဖော်ပြလိုက်သည်။

ရိုးမဘဏ်၏ အစုရှယ်ယာဝင်များမှာ FMI ၊ GIC နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နော်ဝေးနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးအဖွဲ့အစည်းဖြစ်သည့် Norfund တို့ ဖြစ်ပါသည်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည်လည်း ရှယ်ယာပိုင်ဆိုင်မှုပုံစံကို မူတည်ပြီး ပြောင်းလဲမှုရှိနိုင်သည်။
ကျွန်ုပ်တို့၏ ရှယ်ယာပိုင်ဆိုင်မှုပုံစံကို အောက်တွင်ဖော်ပြထားသည်။
ကျွန်ုပ်တို့၏ အမှုဆောင်ဥက္ကဌသည် FMI ၏အရေးပါသော အစုရှယ်ယာဝင် တစ်ဦး ဖြစ်သည်။ သူ၏ ရှယ်ယာပိုင်ဆိုင်မှု အသေးစိတ်ကို FMI ၏ နောက်ဆုံးနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဤနေရာတွင် ကြည့်ရှုပါ။

အထွေထွေ အစည်းအဝေးများအား ဘုတ်အဖွဲ့၏ ဥက္ကဌက ဦးစီးကျင်းပလေ့ ရှိပါသည်။ အစည်းအဝေး အတွင်းတွင် အစုရှယ်ယာဝင်များသည်

  • ဒါရိုက်တာ ဘုတ်အဖွဲ့အား ရွေးချယ်ခြင်း
  • ဘုတ်အဖွဲ့၏ အကြံပေးချက်အား ရယူပြီး ဒါရိုက်တာများ၏ လစာအား သတ်မှတ်ခြင်း
  • ပြင်ပစာရင်းစစ်အား ရွေးချယ်သတ်မှတ်ခြင်း
  • ရှယ်ယာ အရင်းအမြစ်များနှင့် ပတ်သက်ပြီး အပြောင်းအလဲများအား သတ်မှတ်ခြင်း
  • ဘဏ်၏ အရင်းမြစ်များ နေရာချထားခြင်းနှင့်ပတ်သက်ပြီး အတည်ပြုပေးခြင်း

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ၂၉ ကြိမ်မြောက် အထွေထွေအစည်းအဝေးကို အစုရှယ်ယာဝင်များ၊ ဘုတ်အဖွဲ့ဝင်များ၊ ပြင်ပစာရင်းစစ်များ နှင့်တကွ ကျင်းပခဲ့ပါသည်။ အစည်းအဝေးနှင့် ပတ်သက်သည့် အသိပေးချက်ကို ဤနေရာတွင် ရယူနိုင်ပါသည်။ အစည်းအဝေး မှတ်တမ်းကို ဤနေရာတွင် ရယူနိုင်ပါသည်။

၂၀၁၇ ခုနှစ်က ပြင်ဆင်အတည်ပြုခဲ့သည့် မြန်မာ့ကုမ္ပဏီများဥပဒေ၊ အခန်း ၁၅၆ (ဃ) အရ နှစ်ပတ်လည် အစည်းအဝေး တွင် အဖွဲ့ဝင် (၁၀၀%) က အတည်ပြုဖြေရှင်းခဲ့သော အကြောင်းအရာများကို အောက်ပါဇယားတွင် ဖော်ပြထားသည်။

ဆွေးနွေးဖြေရှင်းခဲ့သော အကြောင်းအရာများကိုအတည်ပြုမဲ (%) ဆန့်ကျင်မဲ (%)(%) ကြားနေမဲ
က။ ဦးသိမ်းဝေ (ခ) Mr. Serge Pun အား အမှုဆောင် ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခြင်း၁၀၀% – –
ခ။ ဦးထွန်းမြတ်အား အမှုဆောင်မဟုတ်သော သီးခြား လွတ်လပ်သော ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း၁၀၀% – –
ဂ။ ဦးကြည်အေးအား အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း၁၀၀% – –
ဃ။ Dr. Holger Dirk Michaelis အား အမှုဆောင် မဟုတ်သော ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း၁၀၀% – –
င။ ဦးဖြိုးဖြူနိုးအား အမှုဆောင်မဟုတ်သော ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း၁၀၀% – –
စ။ ဦးဘမောင်စိန်အား ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း၁၀၀%
ဆ။ Mr. Chintaman Mahadeo Dixit အား အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း၁၀၀%
ဇ။ Mr. John Alan Staley အား အမှုဆောင် မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ အဖြစ် ခန့်အပ်ခြင်း၁၀၀%
ဈ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပ စာရင်းစစ် အားခန့်အပ်ခြင်း၁၀၀%
ည။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဘဏ္ဍာရေး အစီရင်ခံစာနှင့် ဒါရိုက်တာ အဖွဲ့၏အစီရင်ခံစာအား အတည်ပြုခြင်း၁၀၀%
ဋ။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ပြင်ပစာရင်းစစ်များ၏ အစီရင်ခံစာအား အတည်ပြုခြင်း၁၀၀%
ဌ။ ဒါရိုက်တာနှုတ်ထွက်မှုများအား အသိအမှတ်ပြုခြင်း၁၀၀%

ရိုးမဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့ကို အစုရှယ်ယာရှင်များက ရွေးချယ်၍ တာဝန်ခံရပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၉/၂၀၁၉) အရ ဘုတ်အဖွဲ့၏ ဒါရိုက်တာများအား ခန့်အပ် တာဝန်ပေးအပ်ခြင်းသည် ဘုတ်အဖွဲ့၏ တာဝန်နှင့် လုပ်ငန်းများကို အနှောင့်အယှက်ကင်းစွာ ဆောင်ရွက်ပေးကြောင်း သေချာစေရမည်။ အစု ရှယ်ယာရှင်များအတွက် တိကျရှင်းလင်းစွာ သတ်မှတ်ထားသည့် ဆုံးဖြတ်ချက်များမှ လွဲ၍ ဘုတ်အဖွဲ့သည် ထိရောက်သော မဟာဗျူဟာမြောက် လမ်းညွှန်မှုနှင့် ကောင်းမွန်သော ကြီးကြပ်ထိန်းသိမ်းမှု အတွက် လိုအပ်သော လုပ်‌ဆောင်ချက်များ အားလုံးကို ဆောင်ရွက်ရန် အခွင့်အာဏာ အပြည့်အဝ ရှိပါသည်။

ဘုတ်အဖွဲ့၏ အဓိက အခန်းကဏ္ဍနှင့် တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ခေါင်းစဉ်တာဝန်များ
ဘုတ်အဖွဲ့
  • ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ (အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ၊ ညွှန်ကြားချက်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ချက်များ)အတိုင်း လိုက်နာဆောင်ရွက်မှု ရှိစေရန် စောင့်ကြည့်ခြင်း
  • ဘုတ်အဖွဲ့မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေခြင်း
  • ဘဏ်၏ အမြုတေတန်ဖိုးနှင့် ရည်မှန်းချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ချမှတ်ခြင်း
  • ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း
  • အစုရှယ်ယာရှင်များက ဒါရိုက်တာဘုတ်အဖွဲ့ဝင်များအားရွေးချယ်နိုင်ရန် အလားအလာရှိသော အဖွဲ့ဝင်များအား ရွေးချယ်အကြံပေးခြင်း
  • အစုရှယ်ယာဝင်များ အတည်ပြုနိုင်ရန် ဘုတ်အဖွဲ့၏လစာအား အကြံပြုခြင်း
မဟာဗျူဟာ
  • မဟာဗျူဟာအား ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်း
  • မဟာဗျူဟာဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် အဆက်မပျက် လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်း
  • အဓိကကျသော စီးပွားရေးဆိုင်ရာကိစ္စရပ်များအား ဆုံးဖြတ်ချက်ချခြင်း
ဆုံးရှံးနိုင်ခြေများနှင့် ထိန်းချုပ်မှုများ
  • ဆုံးရှံးနိုင်ခြေများဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် ဆက်စပ်မူဝါဒများ၊ လုပ်ငန်းစဥ်များအား အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်း
  • ဆုံးရှံးနိုင်ခြေများဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ကောင်းမွန်သော ထိန်းချုပ်မှုပတ်ဝန်း ကျင်တစ်ခု တည်ဆောက်ရန်
  • လက်ခံနိုင်သော ဆုံးရှံးနိုင်ခြေများအား သတ်မှတ်ခြင်း
  • ပြင်ပစာရင်းစစ်များအား ထုတ်ပယ်ခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အစုရှယ်ယာဝင်များအား အကြံပြုခြင်း
အစီရင်ခံခြင်း
  • ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များအား မှန်ကန်မှုရှိမရှိ သေချာစေခြင်း
စီးပွားရေးနှင့် သက်ဆိုင်သူများ
  • ဘဏ်၏ စီးပွားရေးစနစ် ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေရန် စီးပွားရေးနှင့် သက်ဆိုင်သူများ၏ မျှော်မှန်းချက်များကို ထည့်သွင်းစဥ်းစားခြင်း
  • ဘဏ်သည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်သိမှုရှိရှိ ဖြင့် လုပ်ဆောင်နိုင်ရန် သေချာစေခြင်း
ဝန်ထမ်းများ
  • ဘဏ်၏ လူစွမ်းအားအရင်းမြစ်ဆိုင်ရာ မူဘောင်များ၊ မူဝါဒများကို ပြန်လည်စမ်း စစ်ခြင်းနှင့် အတည်ပြုခြင်း
  • ကုမ္ပဏီ၏ ရာထူးဆက်ခံခြင်းအတွက် အစီအစဉ်ချမှတ်ခြင်း
  • စီမံခန့်ခွဲရေးအဖွဲ့အတွက် လစာနှင့် မက်လုံးပေးဆွဲဆောင်မှု အစီအစဉ်များ ချမှတ်ခြင်း
ဘုတ်အဖွဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း
ရိုးမဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့သည် ၎င်းတို့၏ နှစ်စဉ်စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်အတွက် နည်းလမ်းများကို ဖော်ထုတ်ကာ နှစ်စဉ် ဘုတ်အဖွဲ့စွမ်းဆောင်ရည် အကဲဖြတ်ခြင်းကို ပြုလုပ်ပါသည်။ ဤအကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို People, Remuneration and Nomination Committee မှ လုပ်ဆောင်ပေးပါသည်။ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ရန် ဘုတ်အဖွဲ့၏ လေ့လာသူများနှင့် Leadership Team ကို ဖိတ်ကြားထားပါသည်။ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို သိုဝှက်စွာ လုပ်ဆောင်ပြီး အောက်ပါ အဓိက နယ်ပယ် (၅) ခုအဖြစ် ခွဲခြားထားပါသည်။
  • ဘဏ်၏ အကျိုးစီးပွားနှင့် အစုရှယ်ယာရှင်များ၏ တန်ဖိုးကို ကာကွယ်ရန် ဘုတ်အဖွဲ့၏ အုပ်ချုပ်သူများ၊ အခန်းကဏ္ဍများနှင့် ထည့်သွင်းစဉ်းစားမှု တို့ကို အကဲဖြတ်သည့် အုပ်ချုပ်သူများနှင့် အထွေထွေ သတင်း အချက်အလက်များ၊ ဘဏ်၏ မဟာဗျူဟာကို ဦးဆောင်သတ်မှတ်ခြင်းနှင့် အမှုဆောင် အရာရှိချုပ်၏ စွမ်းဆောင်ရည်ကို စီမံခြင်း
  • ဘုတ်အဖွဲ့နှင့် ၎င်း‌ကော်မတီ အဖွဲ့ခွဲများ၏ ဖွဲ့စည်းပုံကို ကြည့်ရှုစစ်ဆေးခြင်း
  • ကော်မတီ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဖွဲ့စည်းမှု၊ ထိရောက်မှုနှင့် ကော်မတီဝင် မဟုတ်သော ကော်မတီများ၏ အဖွဲ့ဝင်များနှင့်  ဆွေးနွေးညှိနှိုင်းခြင်း
  • ဘုတ်အဖွဲ့၏ သစ္စာရှိမှု၊ စောင့်ရှောက်မှုနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၏ တာဝန်များ၊ ဘဏ်၏ လုပ်ငန်းအကြောင်း လေ့လာခြင်း၊ စိန်ခေါ်မှုများနှင့် စီမံခန့်ခွဲမှု အတွက် အရေးကြီးသော မေးခွန်းများမေးခြင်းနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်အချက်များကို ထုတ်ဖော်ပြောကြားခြင်း၊ နှင့်
  • ဘဏ်၏ လုပ်ငန်းဆောင်တာများကို ထည့်သွင်း စဉ်းစားပေးသော လုပ်ထုံးလုပ်နည်းများ
ဆက်စပ်အဖွဲ့အစည်းများနှင့် လုပ်ငန်းကိစ္စများ

ရိုးမဘဏ်၏ မူဝါဒတစ်ခုဖြစ်သည့် ဆက်စပ်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုတွင် တူညီသော (သို့) အလားတူ အခြေအနေတစ်ခု၌ ဆက်စပ်မှုမရှိသည့် ပြင်ပအဖွဲ့အစည်း တစ်ခုနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် လျှော့၍ မျက်နှာသာပေးခြင်း မဟုတ်သည့် စည်းမျဉ်းဖြင့် မည်သူ တစ်ဦးတစ်ယောက်၏ စွက်ဖက်မှုမှ မပါဝင်ဘဲ အဖိုးစားနားတစ်ခုကို ပေးချေခြင်း၊ လက်ခံခြင်းတို့ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ Audit Committee သည် အလားအလာရှိသော သို့မဟုတ် အမှန်တကယ် အကျိုးစီးပွားဆိုင်ရာပဋိပက္ခ (conflict of interest) ဖြစ်ပေါ်စေနိုင်သော ဆက်စပ်လုပ်ငန်းကိစ္စများ၏ ပိုင်ဆိုင်မှုနှင့် ၎င်းတို့၏ အစီအရင်ခံ တင်ပြချက်များကို ကွပ်ကဲပါသည်။ ထို့ကြောင့် ဆက်စပ်အဖွဲ့အစည်းများနှင့် ၎င်း၏လုပ်ငန်းကိစ္စနှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် ဆောင်ရွက်ချက်များကို ဖော်ထုတ်ရှာဖွေ သတ်မှတ်ရန် ဘဏ်မှ လမ်းညွှန်ချက်များ ချမှတ်ခဲ့ပါသည်။ ရည်ရွယ်ချက်များမှာ (က) ဘဏ်နှင့် ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ငန်းကိစ္စများတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကန့်သတ်ချက်များ သတ်မှတ်ရန်၊ (ခ) ဘဏ်နှင့် ၎င်း၏အစုရှယ်ယာရှင်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဘဏ်နှင့် ဆက်စပ်အဖွဲ့အစည်းများ အကြား တည်ဆဲဥပဒေ/ စည်းမျဉ်းများနှင့်အညီ သက်ဆိုင်သည့် လုပ်ငန်းကိစ္စများနှင့် ငွေကြေး လွှဲပြောင်းမှုများကို စနစ်တကျ အတည်ပြုခြင်း၊ ထုတ်ဖော်ခြင်းနှင့် အစီရင်ခံတင်ပြခြင်းတို့ကို သေချာစွာ ဆောင်ရွက်စေရန် ဖြစ်ပါသည်။

ရာထူးဆက်ခံခြင်းအစီအစဉ်

ဘုတ်အဖွဲ့သည် အဓိက စီမံခန့်ခွဲမှု ရာထူးများ ဆက်ခံခြင်းကို လုပ်ဆောင်သည့် ရာထူးဆက်ခံရေး အစီအစဉ်ကို ချမှတ်ပါသည်။ CEO သည် ဤ ရာထူးဆက်ခံရေး အစီအစဉ်တွင် ဘုတ်အဖွဲ့အား ပံ့ပိုးကူညီပြီး အဆိုပါအစီအစဉ်ကို လုပ်ဆောင်သည့် ကော်မတီတွင် ပူးပေါင်း ပါဝင်ပါသည်။ ရာထူး ဆက်ခံခြင်း အစီအစဉ်သည် အလားအလာရှိသော ခေါင်းဆောင်များကို ဖော်ထုတ်ပေးရုံသာမက ဘဏ်၏ ခေါင်းဆောင်မှု လုပ်ငန်းစဉ်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေသည့် အစီအစဉ်များကိုလည်း ဖော်ဆောင်ပေးပါသည်။ ထို့အပြင် ဘဏ်၏ တိုးတက်မှုကို အထောက်အကူပြုရန် အရည်အချင်း ပြည့်မီသော ဝန်ထမ်းများကို ခန့်အပ်ခြင်းနှင့် ထိန်းသိမ်းခြင်းများ အတွက် မဟာဗျူဟာများ သတ်မှတ်ရန် အတွက်လည်း ဘုတ်အဖွဲ့ကို ရှေ့ဆောင် လမ်းပြပေးပါသည်။ ဘုတ်အဖွဲ့သည်လည်း အဆိုပါအစီအစဉ်ကို ပုံမှန် ပြန်လည် ဆန်းစစ်သုံးသပ်ပါသည်။ ရေရှည်ရာထူးဆက်ခံရေး အစီအစဉ်အပြင် ဘုတ်အဖွဲ့အား မျှော်လင့်မထားသော အဓိက စီမံခန့်ခွဲသောသူများ လစ်လပ်သွားသည့် အချိန်ကာလများအတွင်း စဉ်ဆက်မပြတ်သော အစီအစဉ်များ ပြုလုပ် ဆောင်ရွက်ထားကြောင်းကိုလည်း သေချာစေပါသည်။ ဘုတ်အဖွဲ့သည် အဓိက စီမံခန့်ခွဲသူရာထူးများရှိ ပုဂ္ဂိုလ်များ အကြောင်းအမျိုးမျိုးကြောင့် ရာထူးမှ ရုတ်တရက် ရပ်စဲခံရပါက အဆိုပါ လုပ်ငန်းတာဝန်အား လျင်မြန်စွာ တာဝန်ယူနိုင်သည့် ဆက်ခံသူများကို ဘုတ်အဖွဲ့မှ ခွဲခြား သတ်မှတ်ထားပါသည်။ ဘဏ်အတွက် အဆိုပါ ကိစ္စရပ်များသည် ပိုမိုကျယ်ပြန့်သော စဉ်ဆက်မပြတ် လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါသည်။

ဥက္ကဌ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
  • ဘုတ်အဖွဲ့အား ဦးဆောင်ခြင်းနှင့် ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကျိုးသက်ရောက်မှုရှိရန် သေချာစေခြင်း- ဘုတ်အစည်းအဝေးများအား အချိန်နှင့်တပြေးညီ စီစဉ်နိုင်ရန်၊ ဦးဆောင်နိုင်ရန်နှင့် မှတ်တမ်းတင်ခြင်း
    – ဘုတ်အဖွဲ့ဝင်များ ဆုံးဖြတ်ချက်ချရာမှာ လုံလောက်သော အချက်အလက်များ အချိန်နှင့်တပြေးညီ ရရှိရန် သေချာစေခြင်း
    – ဘုတ်ကော်မတီများ ကောင်းမွန်စွာ လုပ်ငန်းလည်ပတ်စေခြင်း
    – ဘုတ်အဖွဲ့ဝင်များ စိတ်ကျေနပ်မှုရှိစွာ တာဝန်ထမ်းဆောင်စေခြင်း
    – ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ဆောင်ချက်များအား တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး အကဲဖြတ်ခြင်း
  • ပွင့်လင်းပြီး အခြေအတင် ပြောဆိုဆွေးနွေးမှုပြုနိုင်သည့် ယဉ်ကျေးမှုတစ်ခု ဖြစ်ရန်ပံ့ပိုးပေးခြင်း- ဘုတ်အဖွဲ့ဝင်များသည် ၎င်းတို့၏ အကြံဥာဏ်များနှင့် အမြင်များကို လွတ်လပ်စွာမျှဝေနိုင်ရန် အခွင့်အရေးရှိခြင်း
  • ဘုတ်အဖွဲ့ အနေဖြင့် ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် နားလည်မှုများ ပိုမိုတိုးတက်လာစေရန်  လုံလောက်သော သင်တန်းပို့ချမှုများရှိခြင်း- ဘုတ်အဖွဲ့ဝင်အသစ်အား ရွေးချယ်ပြီးချိန်တွင် စနစ်တကျ onboard လုပ်ခြင်း
    – လက်ရှိ အဖွဲ့ဝင်များအတွက် အဆက်မပြတ်ပညာရေး အစီအစဉ်များ ရရှိရန် ဆောင်ရွက်ခြင်း

စာရင်းစစ်ကော်မတီသည်
  • ဘဏ်အတွင်း ထိန်းချုပ်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုများမှန်ကန်မှုရှိစေရေးအတွက် သေချာစွာ ဆောင်ရွက်ခြင်း
  •  ဘဏ်အတွင်း စားရင်းစစ်များနှင့် ပြင်ပစားရင်းစစ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းအကျိုး သက်ရောက်မှုများကို စောင့်ကြည့်ခြင်း
  • သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီထွေမှုရှိရန် သေချာစေခြင်း

အောက်ဖော်ပြပါ ဇယားသည် စာရင်းစစ်ကော်မတီ၏ အဓိကတာဝန်များကို အကျဉ်းချုပ်ဖော်ပြထားသည်။

 

ခေါင်းစဉ်တာဝန်များ   
ဥပဒေနှင့်အညီ လိုက်လျောမှုရှိအောင် ဆောင်ရွက်ခြင်း
  • ဘဏ်အနေဖြင့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ကုဒ်များ၊ မူဝါဒများ၊ အထူးသဖြင့် Code of Conduct နှင့် လိုက်လျောညီထွေမှုရှိရန် သေချာစေခြင်း
  • စာရင်းအင်းများ တိကျမှန်ကန်မှုရှိရန်နှင့် ချမှတ်ထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်စေခြင်း
ဆုံးရှုံးနိုင်ခြေများနှင့် ထိန်းချုပ်ခြင်းများ
  • ဘဏ်အတွင်း ထိန်းချုပ်မှုများနှင့် ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲခြင်းများ အကျိုးသက် ရောက်မှု ရှိစေရန်  ပြန်လည်စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း
  • ဘဏ်အတွင်း စာရင်းစစ်၏လုပ်ငန်းစဉ်များ အကျိုးသက်ရောက်မှုရှိမရှိကို စစ်ဆေးခြင်း
  • ဘဏ်တွင် အသုံးချနေသော ဘဏ္ဍရေးစနစ်အား စမ်းစစ်ခြင်း
  • ဘဏ်အတွင်း စာရင်းစစ်ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်း
  •  ပြင်ပစာရင်းစစ်ခန့်အပ်ခြင်း၊ ပြန်လည်ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းတို့အတွက် ဘုတ်အဖွဲ့အား အကြံပေးခြင်း
အစီရင်ခံခြင်း
  • ပွင့်လင်းမြင်သာရှိမှုနှင့် ထုတ်ဖော်ပြသမှု disclosure ဆိုင်ရာအဆင့်အတန်းများ တိုးတက်မှုအတွက် ဆောင်ရွက်ခြင်းနှင့် ကွပ်ကဲခြင်း
  • ဘုတ်အဖွဲ့နှင့် အစုရှယ်ရာရှင်များအားတင်ပြရန် ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ် လည်နှင့်နှစ်ဝက် အစီရင်ခံစာများနှင့် အခြားငွေကြေးဆိုင်ရာ အချက်အလက်များ ကို ပြန်လည်စစ်ဆေးခြင်း
  • ပြင်ပစာရင်းစစ်၏ စာရင်းစစ်နည်းလမ်းအား စစ်ဆေးခြင်း
  • ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်း၊ စာရင်းအင်းလုပ်ငန်းစဉ်၊ စာရင်းစစ်ခြင်းနှင့် အခြားလုပ်ငန်းများနှင့် ပတ်သက်ပြီးတိုင်ကြားနိုင်ရန်

ဆုံးရှုံးနိုင်ခြေများအား ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
  • ဘဏ်၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် ချေးငွေ၊ ဈေးကွက်၊ လုပ်ငန်းလည်ပတ်ခြင်း၊ ငွေပေါ်လွယ်မှု၊ ဘဏ်၏ ဂုဏ်သတင်း၊ မဟာဗျူဟာ အစရှိသည်တို့နှင့် ပတ်သက်သည့်ဆုံးရှုံးနိုင်ခြေများအားခွဲခြားစိတ်ဖြာခြင်း နှင့် အဓိပ္ပါယ်သတ်မှတ်ခြင်း
  •  ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်နှင့် ဘဏ်အတွင်းထိန်းချုပ်ခြင်းများ၏ အကျိုးသက်ရောက်မှုရှိ မရှိကို စစ်ဆေးခြင်း
ခေါင်းစဉ်တာဝန်များ
ဥပဒေနှင့်အညီ လိုက်လျောမှုရှိအောင် ဆောင်ရွက်ခြင်း
  • ဘဏ်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း
  • ဘဏ်၏ ရင်းနှီးငွေဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် တရားဝင်အဖွဲ့အစည်း များ၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်မှုရှိရန် ပြန်လည်စစ်ဆေးခြင်း
ဆုံးရှုံးနိုင်ခြေများနှင့် ထိန်းချုပ်ခြင်းများ
  • ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများအား အတည်ပြုခြင်း
  • ဆုံးရှုံးနိုင်ခြေများအား စမ်းစစ်ခြင်း၊ တိုင်းတာခြင်း၊ လျော့ချခြင်းနှင့် ကွပ်ကဲခြင်း များနှင့် ပတ်သက်ပြီးစီမံခန့်ခွဲမှု မူဘောင်၏ အကျိုးသက်ရောက်မှုရှိမရှိကို ပြန်လည်စမ်းစစ်ခြင်း
  • ဘုတ်အဖွဲ့က အတည်ပြုခဲ့သော လက်ခံနိုင်သောဆုံးရှံးနိုင်ခြေများအား ကောင်းစွာ စီမံနိုင်ရန် သေချာစေခြင်း
  • ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုနှင့် ပတ်သတ်သည့် စီမံခန့်ခွဲရေးအဖွဲ့၏ အစီရင်ခံစာအား ပြန်လည်စစ်ဆေးခြင်း
  • ဘဏ်အတွင်း ဆုံးရှုံးနိုင်ခြေများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများအား စဥ်ဆက်မပျက် လုပ်ဆောင်ရန် အထောက်အကူပေးခြင်း
အစီရင်ခံခြင်း
  • ဘဏ်၏ ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုနှင့် ပတ်သတ်သည့် ပြောင်းလဲမှုများအား အချိန်နှင့်တပြေးညီ ဘုတ်အဖွဲ့အား တင်ပြခြင်း

ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ အကြံပေးကော်မတီ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

ခေါင်းစဉ်တာဝန်များ
အဖွဲ့အစည်း
  • အမှုဆောင်အရာရှိချုပ်ထံသို့ အစီရင်ခံတင်ပြခြင်းအတွက် ဘဏ်၏ဖွဲ့စည်းပုံ ပုံစံအား အတည်ပြုခြင်း
ဝန်ထမ်းများ
  • အစုရှယ်ယာရှင်များ အတည်မပြုမီ အလုပ်မှုဆောင်မဟုတ်သော ဒါရိုက်တာများ ရွေးကောက်တင်မြောက်ခြင်းအတွက် ဘုတ်အဖွဲ့အားအကြံပေးခြင်း
  • Chief Executive Officer, Chief Finances Officer နှင့် Chief Risk Officer များ၏ လုပ်ဆောင်မှုများအတွက် နှစ်စဉ်ပြန်လည်စစ်ဆေးခြင်းနှင့် ပြန်လည်တာဝန်ပေးအပ်ခြင်း အတွက် အကြံပေးခြင်း
  • ရာထူးဆက်ခံခြင်းအစီအစဉ်နှင့် အရေးကြီးသော အဓိကကဏ္ဍများ သတ်မှတ်ခြင်းတို့အား အတည်ပြုခြင်း
  • ဘုတ်အဖွဲ့နှင့် အဓိကစီမံခန့်ခွဲရေးတာဝန်ခံများ၏ ရေဘုယျ အခကြေးငွေဆိုင်ရာ မူဘောင်အား ပြန်လည်စိစစ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်း (ဘဏ်၏လုပ်ငန်းများနှင့် ပတ်သက်ပြီး အစီအစဉ်ဆွဲခြင်း၊ ညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် ပြောရေးဆိုခွင့် ရှိပြီး တာဝန်ရှိသော ပုဂ္ဂိုလ်များ)
  • ဘုတ်အဖွဲ့ဝင်တစ်ဦးချင်းနှင့် အဓိက စီမံခန့်ခွဲရေးတာဝန်ခံတစ်ဦးချင်းစီ၏ လုပ်ခလစာအစီအစဉ်များနှင့် ၎င်းတို့သည် ဘဏ်၏ရေရှည်အတွက်ပန်းတိုင်များ၊မဟာဗျူဟာနှင့်အညီ သင့်တော်မှုရှိမရှိကို ပြန်လည်စိစစ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်း
  • အဓိကစီမံခန့်ခွဲရေးတာဝန်ခံများ၏ လုပ်ငန်းဆောင်ရွက်ချက်အား အကဲဖြတ်ခြင်း

နည်းပညာအကြံပေးကော်မတီ ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

ThemeResponsibilities
နည်းပညာ
  • နည်းပညာပိုင်းဆိုင်ရာ အစပျိုးမှုများ အားလုံးသည် ဘုတ်အဖွဲ့၏ မဟာဗျူဟာမြောက် အစီအစဉ်များကို ဖော်ဆောင်ရာတွင် အံဝင်ခွင်ကျ ရှိစေခြင်း။
  • နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ဝယ်ယူမှုတို့ကို ချဉ်းကပ်ရာတွင် စီမံခန့်ခွဲမှု အဖွဲ့အတွက် အမှီအခိုကင်းသော အခြားအကြံပေးအဖွဲ့တစ်ခု အဖြစ် ဆောင်ရွက်ခြင်း။
  • နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် အဆိုပြုချက်များ အပေါ်တွင် ဘုတ်အဖွဲ့အား အကြံပြုချက်များ ပြုလုပ်ပေးခြင်း။
  • နည်းပညာအသားပေး ဗိသုကာပုံစံအား အတည်ပြုခြင်း၊ မဟာဗျူဟာမြောက် ဦးစားပေး သတ်မှတ်ခြင်းနှင့် ဘဏ်၏ ၃ လ တစ်ကြိမ် နည်းပညာလမ်းပြမြေပုံ တင်ပြခြင်းကို စောင့်ကြည့် စစ်ဆေးခြင်း။
  • နည်းပညာဌာန၏ LEAD နှင့် LAG စနစ်များကို ပြန်လည်သုံးသပ်ခြင်း။

ဆက်စပ် အကြောင်းအရာများ

Key risks

Key risks

ဘဏ်မှချေးငွေ ချေးယူသူမှ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စည်းမျည်းစည်းကမ်:များ နှင့် တာဝန်ဝတ္တရားများအား ဆောင်ရွက်ရန်ပျက်ပြားခြင်းမှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ ကိုဆိုလိုပါသည်။

Read More