ဝန်ထမ်းများအားပံ့ပိုးကူညီခြင်း
Who we are > အလုပ်အကိုင်များ
ဝန်ထမ်းများအားပံ့ပိုးကူညီခြင်း
Who we are > အလုပ်အကိုင်များ
ဝန်ထမ်းများအားပံ့ပိုးကူညီခြင်း
ရိုးမဘဏ်၏ ဝန်ထမ်းအကျိုးခံစားခွင့်အဆိုပြုချက်(EVP)ကို ဝန်ထမ်းတိုင်းသိရှိခံစားနိုင်မည့်အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ ဝန်ထမ်းများအတွက် ဦးဆောင်နိုင်မှု အခွင့်အလမ်း၊ အလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းများအပြင် ဆုကြေးနှင့်အကျိုးအမြတ်များစသည့် အချက် (၅) ချက်အား အခြေခံရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ရိုးမဘဏ်နှင့်လက်တွဲဆောင်ရွက်သည့် လုပ်သက်တစ်လျှောက် ၎င်းတို့ဘဝနေထိုင်မှုအတွက် လိုအပ်မည့်အခြေခံအချက်များအား ဘက်စုံထောင့်စုံမှပံ့ပိုးပေးနိုင်ရန် ရိုးမ ဘဏ်မှစဉ်းစားစီမံပေးထားပါသည်။ ထိုစီမံပေးထားမှုများတွင် ဝန်ထမ်းတစ်ဦးအနေဖြင့် မင်္ဂလာဆောင် အတွက်ခွင့် (၅) ရက်၊ အမျိုးသမီးဝန်ထမ်းများအတွက် မီးဖွားခွင့် (၁၅၀) ရက်၊ အမျိုးသားများအတွက် ဇနီးသည် မီးဖွားချိန်တွင်စောင့်ရှောက်နိုင်ခွင့် (၃၀) ရက် စသည်တို့အပါအဝင်၊ စာမေးပွဲဖြေဆိုချိန် အတွက်ခွင့်၊ မိသားစုဝင်များ၏နာရေးအတွက်စာနာသည့်ခွင့်စသည်တို့ပါဝင်ပါသည်။ ထို့ပြင်ရုံးချုပ်ဝန် ထမ်းများအား StarCity Sports Club တွင်အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပေးထားသဖြင့် ဝန်ထမ်းများ အနေနှင့် အားကစားလေ့ကျင့်မှုများကို မိမိနှစ်သက်သလိုလေ့ကျင့်နိုင်ခြင်း၊ ဝန်ထမ်း၏ကျန်းမာရေးအရ ဆေးရုံတက်ရောက်၍ ကုသမှုခံယူစဉ်တွင် စရိတ်ထောက်ပံ့ပေးခြင်း၊ လူမှုဖူလုံရေးစရိတ်များစီစဉ်ပေးခြင်းတို့အပြင် ဝန်ထမ်းများအတွက် အထူးအတိုးနှုန်းခံစားခွင့်များဖြင့် အရေးပေါ်ချေးငွေ၊ နှစ်ရှည်ချေးငွေ၊ အိမ်ရာချေးငွေ၊ ယာဉ်ဝယ်ယူရန်ချေးငွေစသည့်အကျိုးခံစားခွင့်များကိုလည်း စီစဉ်ပေးထားပါသည်။ ထိုသို့အကျိုးခံစားခွင့်များအား စီမံပေးထားခြင်းဖြင့် ရိုးမဘဏ်သည် မိမိတို့၏ဝန်ထမ်းအားလုံးအတွက် ရေရှည်အကျုံးဝင်စေမည့်ပံ့ပိုးမှုများပေးအပ်ရာတွင် အားကောင်းသည့် လုပ်ငန်းခွင်တစ်ရပ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် We Care Program ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ရုံးချုပ်ဝန်ထမ်းများအနေဖြင့် ရုံးချုပ် တည်ရှိရာ Star City သန်လျင်တွင် လူတွေ့ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်ပြီး ဘဏ်ခွဲ ဝန်ထမ်းများအတွက် ဆရာဝန်များနှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးနိုင်သည့် (Tele-Med) အစီအစဉ်ကိုလည်း စီစဉ်ထားရှိပေးထားပါသည်။
ရိုးမဘဏ်သည် ဝန်ထမ်းများ၏ကျန်းမာရေးနှင့် လုံခြုံရေးကို စဉ်ဆက်မပြတ်အလေးထားသည့်အဖွဲ့အ စည်းဖြစ်သည့်အားလျော်စွာ ဝန်ထမ်း (၃,၅၀၀) ကျော်အား နှစ်စဉ်အသက်အာမခံထားရှိပေးလျက် ရှိပါသည်။
ဆက်စပ် အကြောင်းအရာများ

Supporting Our Customers
COVID-19 ရောဂါ ၏ သက်ရောက်မှုကို တစ်ကမ္ဘာလုံးနှင့်အတူ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများ သည်လည်း အနည်းနှင့်အများ ကြုံတွေ့နေရသည်ကို နားလည်ပါသည်။
Read More
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal