"Share to Care" Family Care Package

New & Activities > CSR

"Share to Care" Family Care Package

New & Activities > CSR

"Share to Care" Family Care Package

7 April 2022CSR

1 Min Read

ရိုးမဘဏ်က “Share to Care Family Care Pack” အထောက်အပံ့အိတ်များကို ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသောနေရာတိုင်းတွင် အများပြည်သူထံ ပေးဝေပြီး “World Health Day” ကို ကျင်းပပြုလုပ်ခဲ့

ယခုအစီအစဉ်သည် မြန်မာနိုင်ငံအနှံ့ရှိ အများပြည်သူနှင့် မိသားစုများ၏ လူမှုဘဝ သာယာရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူပေါင်း ၅၃,၀၀၀ ခန့်ကို တိုက်ရိုက် အကျိုးသက်ရောက်စေနိုင်မည် ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ – ဧပြီလ ၇ ရက်၊ ၂၀၂၂ – ရိုးမဘဏ် ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) “We Care” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရိုးမဘဏ်သည် COVID-19 ကာလအတွင်း ရောဂါကူးစက်ပျံ့ပွားခြင်းမှ ကာကွယ်နိုင်ရန် “Share to Care Family Care Pack” အထောက်အပံ့အိတ်ပေါင်း ၂၆,၃၀၀ ကို ရိုးမဘဏ်ဝန်ထမ်းများ အပါအဝင် Customer များ နှင့် အများပြည်သူသို့ မြန်မာနိုင်ငံအနှံ့ရှိ ကျွန်ုပ်တို့ ရိုးမဘဏ်ခွဲများမှတစ်ဆင့် ပေးဝေကာ ဧပြီ (၇) ရက်နေ့တွင် ကျရောက်သော “World Health Day” ကို ကျင်းပခဲ့ပါသည်။

လူမှုအသိုင်းအဝိုင်းအပေါ် COVID-19 ရိုက်ခတ်မှုများ၏ သက်ရောက်မှု လျော့နည်းစေရန် ရည်ရွယ်ပြီး ရိုးမဘဏ်ဝန်ထမ်းများအပါအဝင် Customer များ နှင့် အများပြည်သူအတွက် လက်သန့်ဆေးရည်၊ နှာခေါင်းစည်း၊ wet tissue၊ ဗီတာမင်စီ၊ အားဖြည့်အချိုရည်ထုပ် အစရှိသော ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းများ ပါဝင်သည့် Family Care Pack အိတ်ပေါင်း ၂၆,၃၀၀ ကို ပေးဝေခဲ့ပါသည်။ ယခုအစီအစဉ်သည် မြန်မာနိုင်ငံအနှံ့ရှိ လူဦးရေ ၅၃,၀၀၀ ခန့်ကို တိုက်ရိုက် အကျိုးရှိစေမည်ဖြစ်ပြီး အများပြည်သူ၏ နေ့စဉ်ဘဝအပေါ် အပြုသဘောဆောင်သည့် ကောင်းမွန်သော သက်ရောက်မှုများရရှိစေရန် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် “Share to Care Family Care Pack” အထောက်အပံ့အိတ်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ခွဲများသို့ လာရောက်သော Customer များကို ပေးဝေခဲ့ပါသည်။ ဝန်ထမ်းများအတွက် Care Package များကိုလည်း ဝန်ထမ်းအားလုံးထံ ဝေပေးသွားမည်ဖြစ်ပါသည်။

ရိုးမဘဏ်၏ Chief Consumer Banking Officer ဖြစ်သူ ဦးကျော်စိုးလင်း ကလည်း “ရိုးမဘဏ်အနေနဲ့ ယခုကဲ့သို့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ Share to Care Family Care Package တွေ ပံ့ပိုးကူညီပေးခြင်းဖြင့် ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေသောနေရာတွေမှာရှိတဲ့ အများပြည်သူရဲ့ လူမှုဘဝသာယာရေးအတွက် ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအစီအစဉ်မှတစ်ဆင့် ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အများပြည်သူကို အကူအညီပေးနိုင်မှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကနေ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းတွေရဲ့ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုစေမယ့် အစီအစဉ်အမျိုးမျိုး လုပ်ဆောင်ပေးခြင်းဖြင့် ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ရိုးမဘဏ်အနေနဲ့ ကျွန်တော်တို့ “We Care” CSR အစီအစဉ်ကနေတစ်ဆင့် အများပြည်သူကို တတ်စွမ်းသလောက် အကောင်းဆုံး ပြန်လည်ဆောင်ရွက်ပေးဖို့လည်း ကတိကဝတ် ထားရှိထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ရိုးမဘဏ် မြောက်ဒဂုံဘဏ်ခွဲ၏ Customer တစ်ယောက်ဖြစ်သူ ကိုစိုးမင်းကလည်း “ကျွန်တော်တို့အနေနဲ့ ရိုးမဘဏ်ကနေ အခုလို လက်ဆောင်တွေ ရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒီထဲမှာပါတဲ့ ပစ္စည်းအားလုံးက ဒီကာလမှာ နေ့စဉ်သုံးဖို့ တော်တော်အသုံးဝင်ပါတယ်။ ရိုးမဘဏ်က ဘာပဲလုပ်လုပ် Customerတွေအတွက် အမြဲထည့်စဉ်းစားပေးတာ တွေ့ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်ကလည်း ရိုးမဘဏ်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံပေါင်း ၃၈,၀၀၀ ကျော်ကို အကျိုးသက်ရောက်မှုရှိစေရန် ကျန်းမာရေးပညာပေး အစီအစဉ်များအပါအဝင် လိုအပ်သောကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြည်သူများအတွက် လှူဒါန်းခဲ့ပါသည်။

ရိုးမဘဏ်က ငွေရေးကြေးရေးစနစ် ပုံဖော်ခြင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းများ၊ အများပြည်သူ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း အစရှိသည့် ကောင်းမွန်သော သက်ရောက်မှုများရှိသည့် အစီအစဉ်များကို လုပ်ဆောင်ခြင်းဖြင့် လက်ရှိ လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။ ရိုးမဘဏ်က ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်အတွက်  အများပြည်သူသို့ ကောင်းမွန်သော သက်ရောက်မှုရရှိစေရန်  ယခုနှစ်တွင်လည်း ၎င်း၏ CSR အစီအစဉ်အမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ပေးလျှက်ရှိပါသည်။ 

Share this news on

Other Related News

Yoma Bank CSR

Yoma Bank CSR

CSR အစီအစဉ်များမှတစ်ဆင့် လူမှုအသိုင်းအဝန်းများအား ကူညီပံ့ပိုးခြင်း
ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိဖော်ဆောင်လျက်ရှိသော “We Care”