ရိုးမဘဏ် နှင့် Httpool တို့က မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Digital Literacy Program တစ်ခုကို မိတ်ဆက်

New & Activities > CSR

ရိုးမဘဏ် နှင့် Httpool တို့က မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Digital Literacy Program တစ်ခုကို မိတ်ဆက်

New & Activities > CSR

ရိုးမဘဏ် နှင့် Httpool တို့က မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Digital Literacy Program တစ်ခုကို မိတ်ဆက်

14 June 2021CSR

1 Min Read

ရိုးမဘဏ်နှင့် Facebook ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော Httpool တို့က မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းငယ်များအတွက် Digital Literacy (ဒီဂျစ်တယ် နည်းပညာ သိရှိနားလည်မှု) ဆိုင်ရာ ပညာပေးဟောပြောပွဲ အခမ်းအနားတစ်ခုကို အွန်လိုင်းမှ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

ရန်ကုန်၊ မြန်မာ၊ ၁၂ ဒီဇင်ဘာ ၂၀၂၀- မြန်မာနိုင်ငံ၏  အထင်ကရဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်နှင့် Facebook ၏ တရားဝင်ကိုယ်စားလှယ် Httpool တို့မှ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Digital Literacy ပညာပေး အွန်လိုင်းအခမ်းအနားတစ်ခုကို ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁ နာရီမှ ၅ နာရီထိ ကျင်းပမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူအများစုမှာ လူမှုကွန်ရက် အသုံးပြုခြင်းနှင့် အွန်လိုင်းမှ တိုက်ရိုက်ဗီဒီယို ကြည့်ရှုခြင်းများကိုသာ အဓိကထား ပြုလုပ်လေ့ရှိကြသည်။ အင်တာနက်သုံးစွဲမှုနှင့် သုံးစွဲနိုင်သည့် အခြေအနေမှာ တစ်စတစ်စ တိုးတက်လာသော်လည်း သုံးစွဲသူအများစုသည် ဒီဂျစ်တယ် သို့မဟုတ် မိုဘိုင်းလ်ဘဏ်စနစ်များနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိကြသေးပါ။ ထိုသို့ ဖြစ်ရခြင်းမှာ သုံးစွဲသူများအနေဖြင့်  “ဒီဂျစ်တယ်နည်းပညာ သိရှိနားလည်မှု” နှင့် လက်တွေ့အသုံးချနိုင်မှုတွင် အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် အကောင် အထည်ဖော် လုပ်ဆောင်ရာတွင် အကန့်အသတ်များ ဖြစ်ပေါ်စေလျက်ရှိသည်။ ထို့အတွက်ကြောင့် ရိုးမဘဏ် အနေဖြင့် အသေးစား နှင့် အလတ်စား စီပွားရေးလုပ်ငန်းများ အတွက် Digital Literacy ဆိုင်ရာ အွန်လိုင်း ပညာပေး ဟောပြောပွဲ အခမ်းအနားတစ်ခုကို ကျင်းပနိုင်ရန် Httpool နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဓိက ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်အသိပညာ များကိုပြည့်ဝစွာ အသုံးချပြီး ဈေးကွက်ချဲ့ထွင်ခြင်း နှင့် ဈေးကွက်ရှာဖွေခြင်းတို့အပြင် မြန်မာ့လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်တက်ကြွစွာ တည်ရှိနေသည့် လူသန်းပေါင်းများစွာထံ လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များ ပျံနှံ့ရောက်ရှိနိုင်စေရန် ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့၏ ဒီဂျစ်တယ် အသိပညာများကို အလုံးစုံတိုးမြှင့်ခြင်းနိုင်ခြင်းဖြင့် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းလာနိုင်ပါသည်။

“ငွေကြေးနဲ့ ဒီဂျစ်တယ်နည်းပညာ သိရှိနားလည်မှု သင်တန်းတွေ၊ အစီအစဉ်တွေကနေတစ်ဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို(SMEs) တွေကို ဘဏ်တွေနဲ့ ရိုးရှင်းလွယ်ကူစွာ ဘယ်လို အလုပ်လုပ်ရမ လဲဆိုတာ နားလည်စေနိုင်ပါမယ်။ ထို့အပြင် ဒီလိုပြုလုပ်ခြင်းအားဖြင့် သူတို့ စီးပွားရေးတည်တံ့ခိုင်မြဲစေဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာတည်ငြိမ်မှုရှိစေဖို့ ဘာတွေအဓိကလိုအပ်သလဲဆိုတာ သိရှိသွားစေပါတယ်” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Mr. Dean Cleland မှ ပြောကြားခဲ့သည်။

ဒီဂျစ်တယ်နည်းပညာနှင့် လူမှုကွန်ရက်များသည်  စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမိတ်ဆက်ခြင်း၊ ဖြန့်ဖြူးခြင်းတို့အတွက် ပိုမိုအရေးပါလျက်ရှိပါသည်။ ထို့ကြာင့် စီးပွားရေးလုပ်ငန်းများသည် လျင်မြန်စွာတိုးတက်လာပြောင်းလဲလာနေမှုများကို အမီလိုက်နိုင်ရန် ဒီဂျစ်တယ်၊ ဘဏ်နှင့် ငွေကြေးပိုင်းဆိုင်ရာ အသိပညာအသစ်များကို လိုအပ်လာလျက်ရှိသည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်တွင် စားသုံးသူနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မှုလည်း အရေးပါလာသည်။

ဒီဂျစ်တယ်ခေတ်ကို ဖော်ဆောင်နေသည့်အလျောက် အဆိုပါအရည်အသွေးများဖြင့်  မြန်မာနိုင်ငံရှိ စီးပွားရေးလုပ် ငန်းရှင်များအတွက် တည်ငြိမ်ခိုင်မာမှုရှိသော အခြေခံအုတ်မြစ်ကို တည်ဆောက်လာနိုင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အကောင်းမွန်ဆုံးနဲ့ အဆင့်အတန်းအမြင့်မားဆုံးဘဏ်တွေထဲကတစ်ခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အောက်ခြေခိုင်မာဖို့အတွက် လက်တွဲဆောင် ရွက်ခွင့်ရတာ ဝမ်းသာပါတယ်။ ကျနော်တို့အနေနဲ့ Facebook ရဲ့ အကောင်းမွန်ဆုံး စနစ်များကို မြန်မာနိုင်ငံ တစ်ဝန်းက မည်သည့်စီးပွားရေးနဲ့ ကြော်ငြာလုပ်ငန်းရှင်များကိုမဆိုအတွက် မျှဝေပေးဖို့ အထူး စိတ်လှုပ်ရှား နေပါတယ်။

ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူမှုကွန်ရက်ကိုနေ့စဉ်သုံးစွဲနေကြတဲ့ မြန်မာနိုင်ငံကလူသန်းပေါင်းများစွာဆီကို SME လုပ်ငန်းတွေရဲ့အချက်အလက်တွေရောက်ရှိစေနိုင်ဖို့ဖြစ်ပါတယ်” ဟု  Httpool ၏ Country Head ဖြစ်သူ Rohan Kapoor မှပြောကြားခဲ့သည်။

ရိုးမဘဏ်နှင့် Httpool တို့သည် မြန်မာနိုင်ငံတွင်ဒီဂျစ်တယ် နည်းပညာ သိရှိနားလည်မှုနှုန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ  လာမည့်နှစ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

ဒီဂျစ်တယ် နည်းပညာဆိုင်ရာ အွန်လိုင်းပညာပေးဟောပြောပွဲ အစီအစဉ်

 နေ့လည် ၁ နာရီ ၊ ဒီဇင်ဘာ ၁၇ ရက် ၊ ၂၀၂၀ ခုနှစ်

အခမ်းအနား အစီအစဉ် 
1:00pm – 1:15pm အဖွင့်အမှာစကားပြောကြားခြင်း

Paul Oppenheimer – Chief Products, Services and Channels Officer at Yoma Bank
1:20pm – 3:20pmအသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Facebook အသုံးပြုနည်း

Rohan Kapoor – Country Lead HTTPOOL Myanmar
Seine Lai – Senior Client Partner HTTPOOL Myanmar
Kyaw Zaul Hein – Client Solutions Manager HTTPOOL Myanmar
၁၀ မိနစ် အားလပ်ချိန် 
3:30pm – 4:15pm ဆိုရှယ်မီဒီယာဖြင့် သင့်ရဲ့စီးပွားရေးလုပ်ငန်းကို မြှင့်တင်မယ်

Samantha Htoon – Head of Lending at Yoma Bank
4:15pm – 5:00pm မိမိတို့ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ရယူဖို့ ဘယ်လို ချဉ်းကပ်ရယူမလဲ

Thiri Yadana Kyaw – Product Manager – Senior Manager at Yoma Bank

HTTPOOL အကြောင်း

HTTPOOL သည် Aleph Holding ကုမ္ပဏီဖြစ်ပြီး ဥရောပနှင့် အာရှတို့တွင် leading digital media platforms အဖြစ် ကိုယ်စားပြုလျက်ရှိသည်။ HTTPOOL ၏ ကိုယ်ပိုင်တိုးတက်မှုအပြင် ဈေးကွက်ပေါင်း ၃၀ ကျော်မှ traditional နှင့် native ကြော်ငြာလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။ ဆန်းသစ်သည့် technology နှင့် performance solution များ၊ ဝါရင့် vertical teams နှင့် ကျယ်ပြန့်သော ဈေးကွက်ကို နားလည်မှုတို့ကို အခြေခံပြီး HTTPOOL သည် ကြော်ငြာလုပ်ငန်းရှင်များကို ၎င်းတို့၏ ဦးတည်အုပ်စုထံ အထိရောက်ဆုံး ဆက်သွယ်နိုင်စေပြီး ROIs များကိုလည်း ဆက်တိုက် အမြင့်ဆုံးထိဆွဲတင်နိုင်စေပါသည်။ ထိပ်တန်းမီဒီယာပလက်ဖောင်းများဖြစ်ကြသည့် Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain နှင့် Brainly တို့သည် ၎င်းတို့၏ ဥရောပနှင့် အာရှဈေးကွက်အတွက် သီးသန့် ad sales partner အဖြစ် HTTPOOL အား ခန့်အပ်ထားပါသည်။ HTTPOOL သည် UK တွင် အခြေစိုက်ကာ Central Europe, Nordics, Baltics, Balkans, Russia & CIS, နှင့် Asia-Pacific တို့တွင် ရုံးခွဲများ ဖြန့်ကျက်ထားရှိလျက်ရှိသည်။ Aleph brands သည် တစ်ကမ္ဘာလုံးရှိ ဈေးကွက်ပေါင်း ၅၀ ကျော်ရှိ အဓိကကျသော global platforms ၂၀ ကျော်ကို သီးသန့်ကိုယ်စားပြု လုပ်ဆောင်လျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက www.httpool.com သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Share this news on

Other Related News

Yoma Bank CSR

Yoma Bank CSR

CSR အစီအစဉ်များမှတစ်ဆင့် လူမှုအသိုင်းအဝန်းများအား ကူညီပံ့ပိုးခြင်း

"Share to Care" Family Care Package

ရိုးမဘဏ်က “Share to Care Family Care Pack” အထောက်အပံ့အိတ်များကို
ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိဖော်ဆောင်လျက်ရှိသော “We Care”