ဝန်ထမ်းများအတွက် ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်း
8 July 2024CSR
ကျွန်ုပ်တို့ ဝန်ထမ်းများနှင့် Customer များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးသည် ရိုးမဘဏ် အတွက် အမြဲ အဓိကဦးစားပေး ဖြစ်ပါသည်။ ထို့ကြောင့် ရိုးမဘဏ်သည် CSR လှုပ်ရှားမှုတစ်ခုအနေဖြင့် ဝန်ထမ်းများလူမှုဘဝဖူလုံရေး ကူညီပံ့ပိုးမှုအစီအစဉ်အမျိုးမျိုး လုပ်ဆောင်ပေးခြင်းဖြင့် ဝန်ထမ်းများကို အမြဲ ကူညီထောက်ပံ့လျက်ရှိပါသည်။
ရိုးမဘဏ်သည် ဝန်ထမ်းများအား ရာသီတုပ်ကွေးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပန်းလှိုင်ဆေးရုံမှ ဝန်ဆောင်မှုရယူ၍ ဆောင်ရွက်ခဲ့ပါသည်။ ရှေ့လျှောက်တွင်လည်း ရိုးမဘဏ်သည် ဝန်ထမ်းများ၏ လူမှုဘဝ ကျန်းမာအဆင်ပြေစေရေးကို အဓိကထား ဦးစားပေးဆောင်ရွက်ပြီး လိုအပ်သည်များကို ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါသည်။
BizSpace Portal
Payroll Portal
Supply Chain Financing






